Sunday, June 28, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု တစ်နေ့တန် (၂၂၀)ကျ ခေတ်မီဆာတာကေးဆန်စက်ဖွင့်





နေပြည်တော်  ဇွန်  ၂၈
လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု တစ်နေ့တန် (၂၂၀) ကျ ခေတ်မီဆာတာကေး ဆန်စက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည် တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်း ကျေးရွာ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ဖွင့်လှစ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ၏ ဆာတာကေး ဆန်စက်အား ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပေါင်းဆန်နှင့် ဆန်ဖြူကြိတ်ခွဲ သန့်စင်စက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပုဂ္ဂလိကအခန်းကဏ္ဍမှ ခေတ်မီ ဆန်စက်ကြီးများ ရင်းနှီးမြှုပ် နှံထူထောင်၍ ကြိတ်ခွဲထုတ်လုပ်သောဆန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၁ ဒသမ ၈) သန်း ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း။
 MAPCO အနေဖြင့် ကုန်ကြမ်းများရရှိရန် ကန်ထရိုက် လယ်ယာစနစ်ဖြင့် သွင်းအားစုများ ကြိုတင်ထုတ်ပေးပြီး စပါးတင်း (၁၀၀) လျှင် ငွေကျပ် (၄)သိန်း (၅)သောင်းနှုန်း ကြိုတင်အာမခံဈေးဖြင့် သတ်မှတ်ဝယ်ယူ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကအခန်းကဏ္ဍမှ ဆောင်ရွက်နိုင်ခြင်းသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး အတွက် မှတ်တိုင်သစ်တစ်ရပ်စိုက်ထူနိုင်ခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု အခန်း ကဏ္ဍ၏ အရေးပါမှုအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်ရွှေက နေပြည်တော်ကောင်စီနယ်အမြေအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေ နေကို လည်းကောင်း၊ MAPCO ဥက္ကဋ္ဌ ဦးချစ်ခိုင်က နိုင်ငံတကာအဆင့်မီ ဆန်စက် ကြီးအား နေပြည်တော် ကောင်စီနယ်မြေအတွင်း ရင်းနှီးမြှုပ်နှံ တည်ဆောက်ရခြင်းနှင့် (MAPCO)၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ယနေ့ ဆန်စက်ဖွင့်လှစ်နိုင်မှုသည် ပမာဏအားဖြင့် သေးငယ် သော်လည်း သက်ရောက်မှုအားဖြင့် ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံး ဖြစ်သည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း
မိမိတို့နိုင်ငံသည် ယခင်က ကမ္ဘာတွင် ဆန်စပါးတင်ပို့မှုထိပ်တန်းနိုင်ငံ တစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယင်းအခြေ အနေသို့ ပြန်လည်တက်လှမ်းနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပုံစံများကို လေ့လာပြီး မိမိတို့နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချရမည်ဖြစ်ပါကြောင်း
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပါဝင်ပတ်သက်သည့် လယ်သမား များ၊ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများ အားလုံးနှင့်ပူးပေါင်း ပါဝင်သည့် Multi Stakeholder Approach စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆန်စပါး ဈေးကွက်ဝင်ရန်အတွက် အရည်အသွေးကောင်းရန်၊ ဈေးနှုန်းယှဉ်ပြိုင်စွမ်းရှိရန်၊ ထုတ်ကုန်များနှင့် ပတ်သက်၍ တာဝန်ယူမှုရှိရန်နှင့် ဝန်ဆောင်မှုကောင်းမွန်မှသာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆန်စပါးများ ထုတ်လုပ်နိုင် မည်ဖြစ်ပါကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများထုတ်လုပ်နိုင်ရန် ခေတ်မီ ဆန်စပါးကြိတ်ခွဲရေးလုပ်ငန်းကြီးများ Rice Processing Complex များသည် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း။
ထိုသို့ ခေတ်မီဆန်းစပါးကြိတ်ခွဲရေးလုပ်ငန်းကြီးများ တည်ထောင်နိုင်ရန်အတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍ၏ ပါဝင်ပူးပေါင်းမှုများကို ကြိုဆိုပါကြောင်းနှင့် အားပေးထောက်ခံမှုများ ပြုလုပ်ပေးရန် အသင့်ရှိပါကြောင်း၊ ဆန်စပါး အထွက်ကောင်း သည့်ဒေသများတွင် ယခုကဲ့သို့ ခေတ်မီဆန်စက်ကြီးများ အပြိုင်အဆိုင် ထွက်ပေါ် လာရန် မျှော်လင့်ပါကြောင်း။
ကန်ထရိုက်လယ်ယာစနစ်သည် တောင်သူများ၏ အကျိုးစီးပွားအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင် ကြောင်း ယုံကြည်မှုရှိလာအောင် သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ပြီး မူဝါဒများချ မှတ်ကာ ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့အချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ ပါဝင်ပူးပေါင်း ဆောင် ရွက်နိုင်သည့် အခြေအနေများ ရရှိထားပါကြောင်း၊ အာဆီယံစီးပွားရေးအသိုက် အ၀န်း စတင်ချိန်တွင် လွတ်လပ်စွာယှဉ်ပြိုင်မှုများရှိလာမည်ဖြစ်ရာ ရရှိလာသည့် အခွင့်အရေး များကို အကျိုးရှိစွာအသုံးချ၍ လယ်ယာထွက်ကုန် များကို ကမ္ဘာ့ဈေးကွက်သို့ အဆင့် အတန်းမီတင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများအားလုံး ပူပေါင်းပါဝင်ဆောင် ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် (MAPCO) ဥက္ကဋ္ဌ ဦးချစ်ခိုင်က နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ဧက (၅၀၀၀)အတွက် ကန်ထရိုက်စနစ်ဖြင့် မိုးရာသီပုလဲသွယ်စပါး စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုး၊ သွင်းအားစု၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ်ကြိုတင်ထောက်ပံ့မှု ငွေကျပ်သိန်း(၇၅၀၀)အား တောင်သူများထံ ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ဆန်စပါးကဏ္ဍဆိုင်ရာ သုတေသနကျမ်းပြုစုနေသော မဟာသိပ္ပံ ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က နေပြည်တော်ကောင်စီ နယ်မြေတွင် MAPCO နှင့် Private Public Partnership စနစ်ဖြင့် ၂၀၁၄-၂၀၁၅ နွေစပါးရာသီတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ၀န်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် တောင်သူလယ်သမားများကိုယ်စား တောင်သူဦးစိုးစိုးက ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော်များသည်။ ဒက္ခိဏသီရိမြို့နယ်ရှိ ခေတ်မီမျိုးစေ့သန့်စင်စက်၊ ခေတ်မီမျိုးစေ့ထုပ်ပိုးစက်များဖြင့် စိုက်ပျိုးရာသီအချိန်မီ တောင်သူများလက်ဝယ် ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ပုလဲသွယ်စပ်မျိုးစပါး (F1)မျိုးစေ့ ထုတ်စက်ရုံ နှင့် ခေတ်မီအအေးခန်းမျိုးစေ့သိုလှောင်ရုံများကိုလည်းကောင်း၊ မြန်မာနယူးဧရာ ကုမ္ပဏီ၏ ပုလဲသွယ်စပ် မျိုးစပါး မျိုးစေ့ထုတ်စက်ရုံ တပ်ဆင်ပြီးစီးမှုနှင့် စက်ရုံအတွင်း ခေတ်မီမျိုးစေ့သန့်စင်စက်များ ရောက်ရှိနေမှု ကိုလည်းကောင်း ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် ဆန်စက်သည် ပေါင်းဆန်နှင့် ဆန်ဖြူတစ်နေ့လျှင် တန်(၂၂၀)ကြိတ်ခွဲ ထုတ်လုပ်သန့် စင်နိုင်သည့်ဆန်စက်ဖြစ်ပြီး ပထမအဆင့်ပေါင်း ဆန်စက် ဆန်ဖြူကြိတ်ခွဲမှုအပိုင်းကို စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ ၄င်းဆန်စက်မှ ထုတ်လုပ်သော ဆန်များကို MJ Rice Brand ဖြင့်ထုတ်လုပ်မည်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်း၊ ရှမ်းဆန်၊ ရှမ်းကောက်ညှင်းဆန်နှင့် မနောသုခ စသည့်ဆန်အမျိုးအစားများကို ခေတ်မီထုပ် ပိုးမှုဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment