Saturday, June 27, 2015

ဆက်လက်ကျင်းပသွားမည့် ခရိုင်အဆင့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲများ၌ အကြံဥာဏ် များ ပေးနိုင်

၂ဝ၁၅ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ကို နေပြည် တော် အားကစားရွာ (Gold Camp) တွင် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မူလတန်း အဆင့် ကျောင်းသုံးစာအုပ်များ ရေးသားပြုစုခြင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ အကောင် အထည်ဖော်ရေး၊ သူငယ်တန်းပညာရေးကို သင်ရိုးသစ်ဖြင့် အကောင်အထည်ဖော် ရေးတို့ အတွက် ရှေ့ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ကို ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အကြံပေးနာယက ဆရာကြီး ဒေါက်တာဦးသန်းဦး၊ သင်ရိုးညွှန်းတမ်း အကြံပေးပညာရှင် ဒေါက်တာ ဝင်းအောင်၊ ဒေါက်တာ မြင့်သိန်းနှင့် အကြံပေး အဖွဲ့ ပညာရှင်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပံ္ပပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ ဝိုင်းဝန်း ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

ထို့အပြင် နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ (မူကြမ်း)၊ ပုဂ္ဂလိကပညာရေး ဥပဒေ (မူကြမ်း)၊ အခြေခံ ပညာရေး ဥပဒေ (မူကြမ်း)၊ အခြေခံပညာကဏ္ဍ အမျိုးသားပညာရည် မြင့်မားရေး၊ အနှစ် ၂ဝ နှစ်ရှည်စီမံကိန်း (မူကြမ်း)၊ အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင် (မူကြမ်း) များကို ချပြပြီး တက်ရောက်လာကြ သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review-CESR) အပေါ် မူတည်ရေးဆွဲထားသော ပညာရေးမူဝါဒ၊ ပညာရေးဥပဒေများနှင့် ပညာရေး စီမံကိန်း တို့ကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပညာရေး မြှင့်တင်မှုအတွက် အောက်ပါ လိုအပ်သော အချက်များကို ၂ဝ၁၅ ခုနှစ် ဇွန်လ၂၈ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ရုံးစိုက်ရာ ခရိုင်များတွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပါ သည်-

(က) သန်းခေါင်စာရင်းအရ ဒေသလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာလိုအပ်ချက်များ၊ 

(ခ) Drop Out များအတွက် ကျောင်းပြင်ပ ပညာရေး၊သက်မွေးပညာရေး လိုအပ်ချက်များ၊

(ဂ) ကျောင်း၊ အခြေခံအဆောက်အအုံ သင်ထောက်ကူနှင့် ဆရာလိုအပ်ချက်များအား Costed Plan နှင့် ကိုက်ညီ စီမံနိုင်ရန် လိုအပ်ချက်များ၊

(ဃ) ဆက်စပ်ဥပဒေများဖြစ်သည့် အခြေခံပညာရေး ဥပဒေ၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ၊ ပုဂ္ဂလိက ပညာရေး ဥပဒေ များနှင့် စပ်လျဉ်း၍ အကြံပြုလိုသည့် အချက်များ၊

(င) စာမေးပွဲစနစ်၊ ကျောင်းဝင်ခွင့်စနစ်နှင့် မိဘဆရာအသင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အကြံပြုလိုသည့် အချက်များ၊

သို့ပါ၍ ဆက်လက်ဆောင်ရွက်မည့် ခရိုင်အဆင့် ဆွေးနွေးပွဲများတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ တာဝန်ရှိ သူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ လူမှုအဖွဲ့ အစည်းများ၊ ဆရာ၊ မိဘ၊ ကျောင်းသား ကိုယ်စားလှယ်များ တက်ရောက်လျက် အကြံပြုဆွေးနွေးနိုင်ကြောင်းကို ပညာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment