Monday, June 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မွန်ဂိုလီးယားသမ္မတ က ဂုဏ်ပြုကြိုဆို


အူလန်ဘာတာ - ဇွန် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် က ဂုဏ်ပြုကြိုဆို သည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အူလန် ဘာတာမြို့ရှိ Chiggis ရင်ပြင်၌ ကျင်းပသည်။

ဂုဏ်ပြုကြိုဆိုပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များအား ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မွန်ဂိုလီးယားသမ္မတတို့သည် State Palace ၌  သီးသန့် တွေ့ဆုံဆွေးနွေးကြသည်။
ထို့နောက် မြန်မာ - မွန်ဂိုလီးယား နှစ်နိုင်ငံတွေ့ဆုံပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မွန်ဂိုလီးယားနိုင်ငံသမ္မတနှင့်အတူ ၀န်ကြီးများ၊ အဆင်ြ့မင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဆက်လက်၍ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သမ္မတ နှင့်  မွန်ဂိုလီးယားသမ္မတတို့ ရှေ့မှောက်၌ နှစ်နိုင်ငံ သဘောတူစာချုပ်များကို ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် မွန်ဂိုလီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားကဏ္ဍဆိုင်ရာ ၀န်ကြီး Ms.Oyunkhorol.D တို့က လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးကံချွန်နှင့် အူလန်ဘာတာမြို့ ဒုတိယမြို့တော်ဝန် Mr.Gantumur.N တို့က လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် မွန်ဂိုလီးယားနိုင်ငံ National Chamber of Commerce and Industry မှ ဥက္ကဋ္ဌ Mr.Lkhagvajav.B တို့ကလည်းကောင်း အသီးသီး လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ မွန်ဂိုလီးယားသမ္မတကနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့က သတင်းထောက်များ၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက်          ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် Gandantegchinlen ဘုန်း ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော် Choijamts နှင့်အဖွဲ့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

No comments:

Post a Comment