ရန်ကုန်၊
မေ ၂၇
မြန်မာဘာသာဖြင့်
China.com Website စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို ယနေ့ ည( ၇) နာရီတွင် ရန်ကုန်မြို့
ပြည်လမ်းရှိ Novotel ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan နှင့်
တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ Mr. Geng Zhiguan ၊ Global CAMG International
Media Group မှ ဥက္ကဌ မစ္စတာ ကျန်ကျောက်ချင့် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan
နှင့် Global CAMG International Media Group မှ ဥက္ကဌ မစ္စတာ ကျန်ကျောက်ချင့်က အမှာစကား ပြောကြားကြသည်။
China.com
သည် တရုတ်နိုင်ငံတွင် ပထမဆုံး ထုတ်လွှင့်သော Website များတွင် ပါဝင်ပြီး ကျယ်ပြန့်သော
Website တစ်ခုဖြစ်ရာ မြန်မာဘာသာဖြင့် ထုတ်လွှင့်သော China.com Website ကို လေ့လာခြင်းဖြင့် တရုတ်နိုင်ငံနှင့်
နိုင်ငံတကာ ရေးရာကိစ္စများကို မြန်မာနိုင်ငံ သားများအနေဖြင့် မိခင်ဘာသာ စကားဖြင့် နားလည်သိရှိစေမည်ဖြစ်သည်။
အဆိုပါ Website တွင် သတင်း ကဏ္ဍ၊ ရုပ်ရှင်ကဏ္ဍ၊ ယနေ့
တရုတ်ပြည် E-မဂ္ဂဇင်း၊ Made in China နှင့် ကျန်းမာရေး ကဏ္ဍဟူ၍ ကဏ္ဍငါးခု ပါဝင်ကြောင်း၊
ရုပ်ရှင်ကဏ္ဍတွင် ယဉ်ကျေးမှု အနုပညာ သတင်းများနှင့် မြန်မာနောက်ခံ စကားပြော ဇာတ်လမ်းတွဲများကိုလည်း
အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်း Website ကို ကွန်ပြူတာနှင့်
သာမက မိုဘိုင်းလ်ဖုန်းများဖြင့်ပါ ကြည့်ရှုနိုင်ကြောင်း သိရ သည်။

No comments:
Post a Comment