Wednesday, May 27, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်- မေ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ က လှေစီးဒုက္ခသည်များကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ များစွာစိုးရိမ် လျက်ရှိ ပါကြောင်း၊ ကုလသမဂ္ဂ၏ မူဝါဒနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူသားချင်း စာနာ ထောက် ထားမှု အကူအညီများ ပေးအပ်ရန် အသင့်ရှိပါကြောင်း။
လတ်တလောမြန်မာနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် တရားမ၀င် လူမှောင်ခိုကူးခြင်းခံရသော လှေစီး ဒုက္ခသည်များမှာ မိမိတို့နိုင်ငံမှမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဖြစ်သော်လည်း ၎င်းတို့၏ စားရေး၊ ၀တ်ရေး တို့အတွက်  တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အဆိုပါ ပြဿနာများမဖြစ်ပေါ်စေရေးအတွက် လိုအပ်သော အခြေခံ အချက်များဖြစ်သည့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိခြင်းဖြင့် စီးပွားရေး ဖွံဖြိုးတိုးတက်လာပြီး ရွှေ့ပြောင်း အလုပ် သမားများ ပပျောက်ရေး၊ တရားမ၀င် လူမှောင်ခိုကူးဂိုဏ်းများပပျောက်သွားစေရန် ဒေသတွင်း နိုင်ငံများ နှင့် ပူးပေါင်း  ဖြေရှင်း နိုင်ရေး၊  လုပ်သားလိုအပ်ချက်ရှိသော နိုင်ငံများမှလည်း တရားဝင် အလုပ် သမားများကို ထိုက်တန်သည့်အခကြေးငွေဖြင့် တရားဝင် ငှားရမ်းဆောင်ရွက်ရေးတို့နှင့် မြန်မာနိုင်ငံမှ  ဆောင်ရွက် လျက်ရှိနေသည့် ပကတိအခြေအနေမှန်များအား နိုင်ငံတကာမှ ပိုမိုသိရှိစေရန် တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment