Friday, May 29, 2015

မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော် မေ ၂၈

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ရာ မေ ၂၁ ရက် မွန်းလွဲပိုင်းက ဘယ်လာရုစ်နိုင်ငံ မင့်စ်ခ်မြို့သို့ ရောက်ရှိသည်။


ထို့နောက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘယ်လာရုစ် နိုင်ငံ၏ Council of the Republic of the National Assembly ၌ ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Dr. Mikhail Myasnikovich နှင့် လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ House of the representatives of the National Assembly ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Vladimir Andreichenko နှင့် လည်းကောင်း သွားရောက် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ- ဘယ်လာရုစ် နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် မေ၂၂ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr Andrey Kobyakov နှင့် သွားရောက် တွေ့ဆုံသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် Victory Squareသို့ သွားရောက်ကာ ပန်းခွေချ ဂါရဝပြုခဲ့သည်။

ဆက်လက်၍ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဘယ်လာရုစ်နိုင်ငံ သမ္မတ H.E. Mr. Alesandr Lukshenko နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သော အခွင့်အလမ်းများ အတွက် ဆွေးနွေးခဲ့ ကြသည်။

မေ ၂၃ ရက် နံနက်ပိုင်းတွင်Belorussian State Museum of the History of the Great Patriotic Warနှင့် the National Historical and Cultural Museum တို့သို့ သွားရောက် ကြည့်ရှု လေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် the Agricultural Complex ‘’Snov’’ သို့ သွားရောက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ လုပ်ငန်း နည်းစနစ်များကို လေ့လာခဲ့ကြသည်။

မေ ၂၄ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၏ Council of the Republic of the National Assembly သို့ သွားရောက်ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Dr. Mikhail Myasnikovich နှင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။ 

ထို့နောက် ဘယ်လာရုစ်နိုင်ငံ အမျိုးသား စာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်ရှိ စာအုပ် စာပေများ စနစ်တကျ ထိန်းသိမ်းထား မှုတို့ကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

No comments:

Post a Comment