Friday, May 1, 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ


ရန်ကုန် ဧပြီ ၃၀
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Boehner ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၉ ရက်နေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် အမေရိကန်နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးထွက်ခွာသွားသည်။

ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့အား ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးဝင်းသန်း၊ ဒေါက်တာဝင်းမြင့်၊ ဦးသိန်းထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ 

No comments:

Post a Comment