Wednesday, April 1, 2015

UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် ဆွေးနွေးပွဲ သတ္တမမြောက်နေ့တွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်တွင် ပါဝင်သော အချက်များ အား လုံး သဘောတူညီမှုရရှိ





ရန်ကုန် မတ် ၃ဝ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေး အတွက် () ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ သတ္တမ ရက်မြောက် နေ့တွင် NCA စာချုပ်၏ နောက်ဆုံး မူကြမ်းတွင် ပါဝင်သည့် အချက်များအားလုံးကို နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ် ကြောင်း အစည်းအဝေးအပြီး နှစ်ဖက်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) ချုပ်ဆို နိုင်ရေးအတွက် UPWC နှင့် NCCT တို့၏ မတ် ၁၇ ရက်တွင်ပြုလုပ်သည့် ()ကြိမ်မြောက် တွေ့ဆုံဆွေးနွေး မှုကို မတ် ၂၂ ရက် ဆွေးနွေးပွဲ ဆဋ္ဌမမြောက်နေ့အပြီးတွင် ခေတ္တရပ်နားခဲ့သည်။သတ္တမမြောက်နေ့ ဆွေးနွေး ပွဲအဖြစ် မတ် ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးလုပ်ငန်း ဗဟိုဌာန(MPC) ကျင်းပခဲ့သည်။
ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်NCA စာချုပ်အတွက် ဆဋ္ဌမနေ့ဆွေးနွေး ပွဲအပြီးတွင် ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိခဲ့သည့် အခန်းတစ်ခုနှင့် အချက်သုံးချက် တို့ကို သဘောတူဆွေးနွေးနိုင်ခဲ့သည်။ NCA စာချုပ် နောက်ဆုံး မူကြမ်းတွင် ပါဝင်သည့် အခန်းပေါင်း()ခန်း၊အပိုဒ်ပေါင်း(၃၃)ပိုဒ်နှင့် အပိုဒ်ငယ်ပေါင်း(၈၆)ခု အားလုံးကို နှစ်ဖက်သဘောတူ ဆွးနွေးနိုင်ခဲ့သည်ဟု ယနေ့ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့မှ ဦးနိုင်ဟံသာ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့်MPC မှ ဦးလှမောင်ရွှေတို့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ယနေ့ သဘောတူညီနိုင်ခဲ့သည့်NCAစာချုပ်နောက်ဆုံးမူကြမ်းပါ အချက်များအားလုံးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင်NCCT နှင့် UPWC တို့မှ ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များမှ ပဏာမသဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။
MPC နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက () ကြိမ်မြောက် ဆွေးနွေးပွဲ ()ရက်မြောက်နေ့မှာ ကျန်ခဲ့တဲ့ အချက်အားလုံးကို သဘောတူတာဖြစ်တဲ့ NCA စာချုပ်ကြီးကို သဘောတူညီခဲ့ပြီးဖြစ်တာကို တင်ပြလိုပါတယ်။ ဒီနေ့ ဆွေးနွေးပြီး သဘောတူတာတွေကို မနက်ဖြန်မနက် ၁ဝ နာရီမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ပြန်တွေ့ပါမယ်။ မနက်ဖြန်မှာ ကျွန်တော် တို့ ခေါင်းဆောင်တွေအဆင့်မှာ ပဏာမသဘောတူညီချက်ကို UPWC နှင့် NCCT အဆင့်မှာ ပဏာမသဘောတူညီထားကြောင်းကို လက်မှတ်ရေးထိုးပါမယ်။ ပြီးရင် တစ်ဖက်ခေါင်းဆောင် သုံးဦးစီပါဝင်တဲ့ ခြောက်ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမယ်''ဟု ပြောသည်။
NCA စာချုပ် နောက်ဆုံးမူကြမ်း၏ သဘောတူညီချက်များအား NCCT ဘက်မှ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ၏ ထိပ်သီးညီလာခံတွင် ပြန်လည် တင်ပြရန်ကျန်ရှိနေပြီး UPWC ဘက်တွင်မူ အစိုးရဘက်မှ အတည်ပြုထားပြီဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC )သို့ သတင်း ပို့ရန်သာ ကျန်ရှိတော့ကြောင်း UPWC မှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနှင့် စပ်လျဉ်းပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “NCCT အဆင့်နဲ့ အဆုံးအဖြတ် ပေးလို့ မရသေးဘူး။ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ရမယ်။ အဲဒီမှာ တင်ပြရမယ်။ သူတို့ကနေပြီးမှ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင် မယ်။ သူတို့ရဲ့ အတည်ပြုမှုကိုရပြီးတော့မှ တရားဝင်သူတို့ကိုယ်တိုင် လက်မှတ် ထိုးဖို့ ဖြစ်ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယနေ့ပြုလုပ်ခဲ့သော အစည်းအဝေးသို့ နိုင်ငံတကာမှလေ့လာ သူကိုယ်စား လှယ်များအဖြစ် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

No comments:

Post a Comment