Wednesday, April 1, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အချော သပ် မူကြမ်းကို အတည်ပြု လက်မှတ်ရေး ထိုးခြင်းနှင့်စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကျင်းပ




ရန်ကုန် မတ် ၃၁
UPWC ဘက်မှ ဒုတိယဥ က္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ် ချုပ်ကြီးမြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ NCCT ဘက်မှ အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွန်မော်၊ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အချော သပ် မူကြမ်းကို အတည်ပြုလက်မှတ်ရေး ထိုးခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ကို ယနေ့ ညနေ နာရီက ကျင်းပသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာတို့က အဖွင့် အမှာစကား ပြောကြားကြသည်။
UPWC အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က အချက်()ချက်ပါ နှစ်ဖက် ပူးတွဲ ထုတ်ပြန်ချက်ကို ကြေညာသည်။ NCCT အဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက နှစ်ဖက် အစည်း အဝေး ဆုံးဖြတ်ချက်နှင့်အညီ ပဋိပက္ခလျှော့ချရေး ဆိုင်ရာ အချက်()ချက်ပါ သဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ သမား ၁၇ဝ မှ သတင်းရယူခဲ့ကြသည်ဟုMPC မှ ထုတ်ပြန်သည်။

No comments:

Post a Comment