Thursday, April 2, 2015

ဝန်ကြီးဌာနများမှ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်နေသော ဝန်ထမ်းများအား Dell အာရှ ဒေသတွင်း နည်းပညာ ရှင်များက Dell Networking နှင့် Dell Power Edge Server နည်းပညာသင်တန်း ဖွင့်လှစ်


နေပြည်တော် ဧပြီ ၂
Dell အာရှဒေသတွင်း နည်းပညာရှင်များက အစိုးရ ဝန်ကြီးဌာနများမှ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက် နေသော ဝန်ထမ်း (၇၀) ဦးအား ယနေ့နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြန်ကြားရေးဝန်ကြီးဌာန၊
အစည်း အဝေးခန်းမကြီးတွင် Dell Networking နှင့် Dell Power Edge Server နည်းပညာ သင်တန်း ဖွင့်လှစ်ပို့ချပြီး သင်တန်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းတွင် Dell Thailand မှ Enterprise Consultant ဖြစ်သူ Mr.Santi က Dell Power Edge Server Solution အကြောင်းကို လည်းကောင်း၊ Network Consultant ဖြစ်သူ Mr.Aukrid က Dell Campus Networking အကြောင်းကို လည်းကောင်း၊ Dell System Consultant ဖြစ်သူ Mr.Kenny Ooi က Dell Data Protection Solutions အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဝန်ထမ်း များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။



No comments:

Post a Comment