Thursday, April 2, 2015

သရက်တောကျေးရွာတွင် ဆိုလာလျှပ်စစ်စနစ်ဖြင့်ရွာလုံးကျွတ်မီးလင်း


နေပြည်တော်   မတ်  ၃၁

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာနှင့် မသိမ်ကျေးရွာ တို့တွင် မတ်၃၁ရက် ညနေက ဆိုလာလျှပ်စစ်စနစ်ဖြင့် ရွာလုံးကျွတ် မီးလင်းရေးအခမ်းအနား ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဖုန်းဇော်ဟန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းထံသို့ ဆိုလာလျှပ်စစ် မီးလင်းရေးနှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထိုနောက် နေပြည်တော်ကောင်စီဝင် ဦးဖုန်းဇော်ဟန်၊ နေပြည်တော်တိုင်း ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းထွန်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးတို့က ဆိုလာလျှပ်စစ်မီးများကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ခဲ့သည်။


နေပြည်တော်ကောင်စီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် သရက်တောကျေးရွာ အုပ်စု မီးရရှိရေးအတွက် ငွေကျပ်သန်းပေါင်း ၁၈၄ ဒသမ ၆၀၀ အကုန်အကျခံ၍ သရက်တောကျေးရွာတွင် ၃၉၅ အိမ်နှင့် မသိမ်ကျေးရွာတွင် ၂၉၉ အိမ် စုစုပေါင်း အိမ်ခြေ ၆၉၄ အိမ်ကို ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများအား Innovative Consulting & Tecnological Services (ICTS)  ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment