ဆီယမ်ရိ ဧပြီ
၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်
ဧပြီ ၂ ရက် ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အန်းကောဝပ် ဘုရားကျောင်းနှင့် ဆီယမ်ရိဒေသ
ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အာဏာပိုင် အဖွဲ့ရုံးသို့ ရောက်ရှိရာ ကမ္ဘော
ဒီးယားနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီးနှင့် အန်းကောဝပ် ဘုရားကျောင်းနှင့်
ဆီယမ်ရိဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အာဏာပိုင် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ
ဆုတ်ခ်အန်နှင့် ဇနီးတို့က ကြိုဆိုကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်၊
ဝန်ကြီးချုပ်ရုံး ၀န်ကြီးနှင့် အန်းကောဝပ် ဘုရားကျောင်းနှင့် ဆီယမ်ရိဒေသ ဖွံ့ဖြိုး
တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌက အဆိုပါ အာဏာပိုင် အဖွဲ့ကို အန်းကောဝပ်နှင့် အနီး
ဝန်းကျင် ဒေသများရှိ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဒေသများအား ကာကွယ် စောင့်ရှောက်ရန်
အတွက် ၁၉၉၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ကြီးအား ဆီယမ်ရိဒေသရှိ ယဉ်ကျေးမှု
အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ယဉ်ကျေးမှု အခြေပြု ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရန်၊ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် အစိတ်ပိုင်း
တစ်ရပ်အဖြစ် ပါဝင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံရပ်ခြား အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊
အင်စတီ ကျူးရှင်းများ၏ အကူအညီ ရယူ၍ ဒေသ ဖွံ့ဖြိုးရေး အတွက် ပူးပေါင်း ဆောင်ရွက် သွားရန်
ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
ရည်ရွယ်ချက်များ အတိုင်း ဆောင်ရွက် နိုင်ခဲ့သည့်
အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ပျက်စီးမှု အန္တရာယ်
စိုးရိမ်ရသော အမွေအနှစ်များ စာရင်းထဲတွင် ထည့်သွင်း ခံထားရသည့် အန်ကောဒေသအား ၂၀၀၄ ခုနှစ်တွင်
အဆိုပါစာရင်းမှ ထုတ်ပယ်နိုင်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း
ရရှိရေးအတွက် Run Ta Ek အမည်ရှိ သဘာဝ အခြေခံ ကျေးရွာ တစ်ရွာကိုလည်း မြေဟက်တာ ၁၀၀၀ သီးသန့်
ဖော်ထုတ်၍ တည်ထောင်ပေးခဲ့ပြီး လက်မှု ပညာနှင့် ရိုးရာ အစဉ်အလာကို ဖော်ပြနိုင်ခြင်းကြောင့်
ခရီးသွားများ စိတ်ဝင်စားမည့် လုပ်ငန်းများကိုလည်း ဖန်တီး ပေးနိုင်ခဲ့ကြောင်း။
စိုက်ပျိုးရေးနှင့် လက်မှုပညာ ဗဟိုပြု လုပ်ငန်းများ
ဖွံ့ဖြိုးလာစေရန် အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီများ၏ ရန်ပုံငွေ
ထောက်ပံ့မှုဖြင့် အစိမ်းရောင် နယ်မြေ စီမံကိန်း၊ မဟာ အန်းကော စီမံကိန်း၊ ယဉ်ကျေးမှုများနှင့်
နေထိုင်ခြင်း စီမံကိန်း၊ ယဉ်ကျေးမှု ဆိုင်ရာများ စီမံခန့်ခွဲခြင်း ဆိုင်ရာ စီမံကိန်းများကိုလည်း
ဇုန်(၄) ခုဖြင့် သတ်မှတ် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယင်းတို့မှာ ဘုရားကျောင်း တည်ရှိရာ နယ်မြေအား
ဇုန်(၁)အဖြစ် လည်းကောင်း၊ ရှေးဟောင်း အမွေအနှစ် ဆိုင်ရာ ထိန်းသိမ်း ထားသည့် နေရာများအား
ဇုန်(၂)အဖြစ် လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာ အကာအကွယ် ပြုထားသည့် မြေယာ ရှုခင်းများအား
ဇုန်(၃)အဖြစ် လည်းကောင်း၊ ရှေးဟောင်း သုတေသနဆိုင်ရာ၊ မနုဿဗေဒ ဆိုင်ရာနှင့် သမိုင်း
အထောက်အထား ဆိုင်ရာ စိတ်ဝင်စားဖွယ် နေရာများအား ဇုန်(၄)အဖြစ် လည်းကောင်း အသီးသီး သတ်မှတ်
ထားကြောင်း။
အန်းကောဒေသ တစ်ဝိုက်ရှိ သစ်တောများ စိမ်းလန်း
စိုပြည်ရေး၊ တရားမ၀င် သစ်ခုတ်မှုများ ကာကွယ်ရေး တို့ကိုလည်း စီမံကိန်းများ ချမှတ်၍ တင်းကြပ်စွာ
တားမြစ် ခဲ့ကြောင်း၊ ထိုသို့ ကြိုးပမ်း အားထုတ်မှုများကြောင့် ခရီးသွားများ အတွက် ရှေးဟောင်း
အမွေအနှစ် လေ့လာရုံ သာမက သဘာဝ အခြေခံ ခရီးသွားခြင်းကိုပါ ဆောင်ရွက် ပေးနိုင်ခဲ့ ပါကြောင်း၊
ခမာလူမျိုးတို့၏ လူနေမှုနှင့် ယဉ်ကျေးမှုများကိုပါ လေ့လာနိုင်ခြင်းနှင့် လုံခြုံမှု အပြည့်အဝ
ရှိသော ဒေသတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါကြောင်းဖြင့် ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယသမ္မတက
သိရှိလိုသည်များကို မေးမြန်း၍ ပြန်လည် သုံးသပ် ဆွေးနွေးခဲ့သည်။
ညပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ဒုတိယ
ဝန်ကြီးချုပ်နှင့် ၀န်ကြီးချုပ်ရုံး ၀န်ကြီး၊ အန်းကောဝပ် ဘုရားကျောင်းနှင့် ဆီယမ်ရိဒေသ
ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌနှင့် ဇနီးတို့က တည်ခင်း
ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဒုတိယသမ္မတနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး
ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Bayon ဘုရားကျောင်း၊ Ta Prohm ဘုရားကျောင်းနှင့်
မဲခေါင်-ဂင်္ဂါရိုးရာ အထည်အလိပ် ပြတိုက်သို့ သွားရောက် ကြည့်ရှု လေ့လာ ခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင်
လေကြောင်းခရီးဖြင့် ဆီယမ်ရိမှ ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့်
ဆက်လက် ထွက်ခွာ ခဲ့ရာ မြန်မာနိုင်ငံသို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိကြောင်း သိရသည်။



No comments:
Post a Comment