ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အသစ်
လျှောက်ထားခြင်းများနှင့် သက်တမ်း တိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ
ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏
သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်
ကြော်ငြာစာ အမှတ် (၄၈/ ၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း
အသိအမှတ်ပြု လက်မှတ် အသစ် လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ
မှတ်ပုံတင် ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုး
လျှောက်ထားခြင်း၊ လုပ်ငန်း အမည် ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း
လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်
ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၃-၄-၂၀၁၅) ရက်နေ့က
ပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း
သက်တမ်းတိုး (၃၈)ဦးနှင့် ထုတ်ဝေသူ သက်တမ်းတိုး (၃၅)ဦး၊ ပေါင်းလုပ်ငန်း သက်တမ်းတိုး
(၇၃)ဦးအား လည်းကောင်း၊ ပုံနှိပ် လုပ်ငန်းအသစ် လျှောက်ထားသူ (၁၂)ဦး၊ ထုတ်ဝေခွင့် အတွက်
အသစ် လျှောက်ထားသူ ဂျာနယ် ထုတ်ဝေခွင့် (၇)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၂)ဦး၊ အထွေထွေ ထုတ်ဝေခွင့်
(၈)ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း အသစ် လျှောက်ထားသူ (၂)ဦး ပေါင်းလုပ်ငန်း အသစ် (၃၁)ဦး
တို့အား လည်းကောင်း၊ ထုတ်ဝေလုပ်ငန်း အမည်ပြောင်း (၁)ဦး၊ ထုတ်ဝေသူ အမည်ပြောင်း (၁)ဦး၊
ထုတ်ဝေသူ အမည်နှင့် လုပ်ငန်း အမည်ပြောင်း (၁)ဦး တို့အား လည်းကောင်း အသိအမှတ်ပြု လက်မှတ်များ
ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ ယခင် စိစစ်ဆဲ ဖြစ်သော သတင်းအေဂျင်စီ အသစ် လျှောက်ထားသူ
တစ်ဦးကို ယခုအပတ်တွင် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ
ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်းတိုး (၉၃၄)ဦးနှင့်
အသစ် လျှောက်ထားသူ (၁၅၅)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး (၉၃၇)ဦး နှင့်
အသစ် လျှောက်ထားသူ (၃၅၉)ဦး၊ သတင်း အေဂျင်စီ လုပ်ငန်း အသစ် လျှောက်ထားသူ (၁၀)ဦး၊
စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်
(၂၃၉၅)စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ဂျာနယ် ထုတ်ဝေခွင့် အသစ် လျှောက်ထားသူ တစ်ဦးနှင့်
ပုံနှိပ် သက်တမ်းတိုး လျှောက်ထား သူတစ်ဦး တို့ကို အချက်အလက်များ စိစစ် ဆောင်ရွက်ဆဲ
ဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment