မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ
စာချုပ်(NCA) မူကြမ်းကို အပြီးသတ် ညှိနှိုင်းသဘော တူညီ ခဲ့ကြပြီး နိုင်ငံတော် သမ္မတ၏
ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီဖြစ်သည်။
ယင်းသို့ ပဏာမသဘောတူညီမှု ရရှိခြင်းသည်
ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အခြေခံကျသည့် ပထမခြေ လှမ်းကို စတင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
ငြိမ်းချမ်းရေးပထမ ခြေလှမ်းအတွက် ငြိမ်းချမ်းရေး မျှော်လင့်စကားသံများကို မြန်မာ့သတင်းစဉ်မှ
စုစည်း တင်ပြလိုက်ပါသည်။
ဦးစိန်ဝင်းအောင် (ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေး အဖွဲ့)
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူချက်မူကြမ်းကို
လက်မှတ်ထိုးနိုင်တာက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အခုလို ဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် သမ္မတကြီးရဲ့
အောင်ပွဲဖြစ်သလို ငြိမ်းချမ်းရေးကို လိုလားသူများ အားလုံးရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။
ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ လိုချင်တဲ့
အောင်ပွဲကို ရအောင် အေးအေးချမ်းချမ်းနဲ့ ဆက်လက်ဆောင်ရွက်ကြဖို့ လိုပါတယ်။
၁၉၄၇ ခုနှစ် နောက်ပိုင်း လက်နက်ကိုင်
အင်အားစုအားလုံး ပါဝင်ပြီး အခုလို ညှိနှိုင်းဆောင်ရွက်နိုင်တာ ကိုလည်း ကျေးဇူးတင်မိပါတယ်။
ဒီလုပ်ငန်းစဉ်ကို အောင်မြင် အောင် စိတ်ရှည်လက်ရှည်နဲ့ ထိန်းကျောင်း လမ်းညွှန်ပေး တဲ့
နိုင်ငံတော် သမ္မတကြီးနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အားလုံးကို လည်း
ကျေးဇူးတင်ပါတယ်။ အလားတူ ငြိမ်းချမ်းရေးကို စိတ်ရှည် လက်ရှည်နဲ့ စောင့်ပေးတဲ့ ပြည်သူတွေ ကိုလည်း
ကျေးဇူးတင်ပါတယ်။
ဦးလှဆွေ
(အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
ဒီလိုလုပ်ငန်းစဉ်က အစိုးရသစ် တက်လာပြီး
တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းနေတဲ့အတွက် ရလဒ်တစ်ခုပေါ် ထွက်လာတယ်လို့ ယူဆရမှာပါ။ ဒါနဲ့
သာယာမနေဘဲ ဆက်တိုက်ထက်ကြပ်မကွာ လိုက်ရမှာပါ။ ဒါပြီးရင် ဘာလုပ်မယ်ဆိုတာတွေကို ဆက်တိုက်လုပ်ရမှာပါ။
ဒါမှသာ နောက်ဆုံးမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက အောင်မြင်စွာ ပြီးဆုံးမှာပါ။
အရေးကြီးဆုံးအချက်က ဘာလဲဆိုတော့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လက်နက်ကိုင် ခေါင်းဆောင်ကြီးကို နမူနာယူစရာ ရှိပါတယ်။ သူဟာ မီဇိုရမ်ပြည်နယ်က ဒေသခံတွေရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အထိ ဖြစ်လာခဲ့ဖူးပါတယ်။ ဒုတိယ အကြိမ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပေမယ့် လည်း ပျော်ပျော်ပါပဲ။ အခုဆိုရင် ကမ္ဘာအရပ်ရပ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို လူထု ခေါင်းဆောင်တွေ ဖြစ်အောင်နဲ့ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ စည်းရုံးဆောင် ရွက်နေတာကို တွေ့ ရမှာပါ။ ဒါကိုကြည့်လိုက်ရင် ငြိမ်းချမ်း ရေးရယူခဲ့ပြီး ပါတီထောင်ခဲ့တယ်။ ပြီးတော့ ရွေးကောက်ပွဲ ဝင်ရဲတဲ့ သတ္တိနဲ့ သူ့ဒေသရဲ့ လူထုထောက်ခံ မှုကို ရအောင်ယူခဲ့တယ်။ ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် လက်နက်ကိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင် သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ လူထုရဲ့ထောက်ခံမှုနဲ့ ဒေသခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ဒေသဖွံ့ဖြိုးမှုတွေ ရရှိအောင် လုပ်သင့်တယ်လို့ ပြောလိုပါတယ်။
အရေးကြီးဆုံးအချက်က ဘာလဲဆိုတော့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လက်နက်ကိုင် ခေါင်းဆောင်ကြီးကို နမူနာယူစရာ ရှိပါတယ်။ သူဟာ မီဇိုရမ်ပြည်နယ်က ဒေသခံတွေရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အထိ ဖြစ်လာခဲ့ဖူးပါတယ်။ ဒုတိယ အကြိမ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပေမယ့် လည်း ပျော်ပျော်ပါပဲ။ အခုဆိုရင် ကမ္ဘာအရပ်ရပ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို လူထု ခေါင်းဆောင်တွေ ဖြစ်အောင်နဲ့ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ စည်းရုံးဆောင် ရွက်နေတာကို တွေ့ ရမှာပါ။ ဒါကိုကြည့်လိုက်ရင် ငြိမ်းချမ်း ရေးရယူခဲ့ပြီး ပါတီထောင်ခဲ့တယ်။ ပြီးတော့ ရွေးကောက်ပွဲ ဝင်ရဲတဲ့ သတ္တိနဲ့ သူ့ဒေသရဲ့ လူထုထောက်ခံ မှုကို ရအောင်ယူခဲ့တယ်။ ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် လက်နက်ကိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင် သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ လူထုရဲ့ထောက်ခံမှုနဲ့ ဒေသခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ဒေသဖွံ့ဖြိုးမှုတွေ ရရှိအောင် လုပ်သင့်တယ်လို့ ပြောလိုပါတယ်။
ဦးသန်းထွန်း (အင်ဂျင်နီယာချုပ် ကုန်းလမ်းပို့ဆောင်ရေး)
အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်မူကြမ်းကို
လက်မှတ်ထိုးနိုင်ခဲ့တာ အင်မတန်ကောင်းတဲ့ အချက်ပါ။ အားလုံးကလည်း ဒါကိုပဲ မျှော်လင့်နေကြတာ။
မြန်မြန် ငြိမ်းချမ်းလေလေ တိုင်းပြည်ကလည်း မျက်နှာပန်းလှလေပဲ။ ဒီအပစ်အခတ် ရပ်စဲရေးကြောင့်
ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကလည်းကောင်းပြီး ဒီလို ငြိမ်းချမ်းရေးရပြီးမှ ကျန်တဲ့ကိစ္စတွေ
ကို ဆောင်ရွက်နိုင်မှာပါ။ ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်လှပြီ။ အခုဆိုရင် အသက်က
၆ဝ နီးပါးရှိနေပြီ။ ကျွန်တော်တို့ မွေးစကတည်း က ပြည်တွင်း စစ်ကြီး ဖြစ်လာတာ၊ ကျွန်တော်တို့
အလုပ်တွေကနေ ပင်စင်တွေ ယူတော့မယ်။ နောက်ဆုံး မှာ နိုင်ငံတော်အတွက် အလုပ်လုပ်ပြီးရင်
ကိုယ့်အတွက် လုပ်ရတော့မယ်။ အဲလိုအချိန်မှာ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး အသံတွေကိုကြားရတာ
နိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ကို ဝမ်းသာတာပေါ့ဗျာ။
ဦးကျော်ဝင်းထွန်း ( အငှားယာဉ်မောင်း၊
ဓနသိဒ္ဓိရပ်ကွက် နေပြည်တော်)
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို
အခြေခံအားဖြင့် သဘောတူညီသွားပြီ ဖြစ်တဲ့အတွက် သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ကျွန်တော်
တော်တော်လေးကို ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။ နိုင်ငံ အတွက် အမှန်တကယ်လိုအပ်တဲ့ ပညာရေးဆိုင်ရာ
ကဏ္ဍမှာလည်း ငြိမ်းချမ်းရေး ရရှိခြင်းနဲ့အတူ ပိုမိုဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေကို
ခံစားကြရမှာပါ။ ပြီးတော့ စီးပွားရေးဆိုင်ရာမှာလည်း ဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ နိုင်ငံတည်ငြိမ်
အေးချမ်းမှဆိုတာ လူတိုင်းသိကြမှာပါ။ ဘာပဲပြောပြော ကျွန်တော့်အနေနဲ့ ကတော့ အခုလို တစ်တိုင်းပြည်လုံး
အတိုင်းအတာအထိ အပစ်အခတ် ရပ်စဲသွားအောင် စွမ်းဆောင် ကြိုးစားပေးခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးနဲ့
တာဝန်ရှိသူ အားလုံး၊ ပါဝင် ပတ်သက် လက်မှတ် ရေးထိုးပေးခဲ့သူ အားလုံးကို ကျေးဇူးတင်မိပါတယ်။
ဦးစောလင်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
ဓနသိဒ္ဓိရပ်ကွက် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)
ရှစ်နှစ်သားအရွယ်လောက်တုန်းက ကြားဖူးတဲ့
စကားတစ်ခွန်းရှိတယ်။ ရွှေပြည်တော် မျှော်လေတိုင်းဝေး တဲ့။ မျှော်နေ ရင် တော့ ဝေးမှာပဲလေ၊
သွားရင်တော့ ရောက်မှာပဲ။ အနှစ် ၅ဝ ကျော် ၆ဝ နီးပါးလောက် မငြိမ်းချမ်းခဲ့ဘဲ အခုရည်မှန်းချက်ဆီ
တစိုက်မတ်မတ်သွားတော့ ရောက်တော့မှာပါပဲ။ ငြိမ်းချမ်းတဲ့ ရွှေပြည်တော်ကြီးဖြစ်ဖို့ မြင်နေရပါပြီ။
ဒါဟာ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံး တိုင်းပြည်အတွင်းမှာရှိတဲ့ လူမျိုးစုတွေ အားလုံး
မျှော်မှန်းချက်ကြီးပါ၊ အခု ရတော့မယ်။ ဒီထက်ဝမ်းသာစရာ ဘာမှ မရှိတော့ဘူး။ ပြောရရင် သုဝဏ္ဏသာမ
ဇာတ်တော်ထဲကလို သားရွှေအိုးထမ်းလာတာ မြင်လိုက်ရသလိုပါပဲ။ ပြောရ ရင် တွေးမိတိုင်း ဝမ်းသာလွန်းလို့
မျက်ရည်တောင် လည်လောက်ပါတယ်။ ကျွန်တော့် အသက် (၇၂) နှစ် ရောက်တဲ့ အချိန်မှာ ငယ်ငယ်က
ကြားခဲ့ဖူးတဲ့ စကားဟာ မဟုတ်တော့ဘူးဆိုတာ သိလိုက်ရပြီ၊ မျှော်နေရင်တော့ ဝေးမှာပဲ။ သွား
နေရင်းနဲ့ ရောက်တော့မယ်။ ရှေ့ဆက် ပြီး တက်ညီလက်ညီနဲ့ ဝိုင်းဝန်း ဆောင်ရွက်သွားကြမယ် ဆိုရင်
သေချာ ပေါက် ရောက်တော့မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အားလုံး ကြီးကြီးငယ်ငယ်
ရွယ်ရွယ်လတ်လတ် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ညီအစ်ကိုမောင်နှမတွေ ဆက်ပြီး
အားကြိုးမာန်တက်နဲ့ဆက်ပြီး သွားကြပါစို့လို့ တိုက်တွန်း ချင်ပါတယ်။ အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်း
ကူညီကြပါ၊ ဆောင်ရွက်ကြပါလို့ လည်း ပြောချင်ပါတယ်။ နိုင်ငံတော် ကြီးကောင်းဖို့အတွက်
ကောင်းတာတွေကို ပြောကြ၊ ဆိုကြ၊ အကြံပြုကြမယ်ဆိုရင် ဒီထက်ပိုပြီးကောင်းတဲ့ ပန်းတိုင်ကြီးကို
မကြာမတင်ရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် လူတိုင်းဟာ ထမင်းရည် ချောင်းစီး၊
မောင်းတီးပြီး လှူနိုင်မယ်၊ နိုင်ငံတော် အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေမှာ
တိုးတက်လာမယ်။ ဒီလိုတိုးတက် လာခြင်းအားဖြင့် ကျွန်တော်တို့ သားသမီးတွေ၊ မြေးမြစ်တွေ၊
မျိုးဆက်သစ်တွေ အနာဂတ်က ရွှေရောင်လို ဝင်းပြီး လှပလာပါလိမ့်မယ်။ ဒါကြောင့် အခုလို တစ်နိုင်ငံလုံး
အတိုင်းအတာအထိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်။
ဦးစိုင်းဇော်ဇော် (ဓနသိဒ္ဓိရပ်ကွက်)
တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးကို
အခြေခံအားဖြင့် သဘော တူညီရုံတင်မကဘူး။ တကယ့်ကို အပြီးသတ် သဘောတူပြီး လိုက်နာ ဆောင်ရွက်လိုက်စေချင်တာ။
ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ် မရပ်စဲဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက် ဆက်လက် ပစ်ခတ် တိုက်ခိုက်နေမယ်ဆိုရင်
အသက်တွေ ဆုံးရှုံးကြရမယ်။ ဘယ်သူ့ ဘယ်သူရဲ့ အသက်ကိုမှ မထိခိုက် မဆုံးရှုံးစေချင်ဘူးဗျာ။
တိုင်းပြည်မငြိမ်းချမ်းလို့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ခိုက်နေကြတဲ့အခါ ကိုယ့်တိုင်းရင်းသား
ညီအစ်ကိုတွေပဲ ထိခိုက် နစ်နာကြရတာဖြစ်လို့ပဲ။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို
တကယ်ခံစား ရပြီဆိုရင် နိုင်ငံအတွင်းမှာ တစ်နေရာ နဲ့တစ်နေရာ အလွယ်တကူကူးသန်း သွားလာနိုင်
မယ်။ ရောင်းဝယ် ဖောက်ကား စီးပွားရှာရတာ ပိုလွယ် ကူချောမွေ့ လာမယ်။ နိုင်ငံတွင်း စီးပွားရေး
တောင့်တင်းခိုင်မာလာ တာနဲ့အမျှ ဒေသတွင်း စီးပွားရေး ရပ်ဝန်းထဲမှာလည်း ခိုင်မာတဲ့နေရာ
တစ်နေရာ ရလာလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့် အခုလို တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးကို
အခြေခံ အားဖြင့် သဘောတူညီထားနိုင်ခဲ့မှု အပေါ် ကြိုဆိုပါတယ်။
နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို
မောင်နှမသားချင်းများ အနေဖြင့် တစိုက် မတ်မတ် မျှော်လင့်တောင့်တခဲ့သည့် ငြိမ်းချမ်းရေးအလင်းရောင်သည်ကား
လှပသာယာသော ပြည်မြန်မာ ကောင်း ကင်ယံထက်တွင် ဝဲလှည့်ချေတော့မည်။ ယုံကြည် မျှော်လင့်ခြင်းများဖြင့်
မမှိတ်မသုန် စောင့်မျှော် ကြိုဆိုလျက်ရှိသည့် ရွှေပြည်တော်ကြီး သည်ကား အနာဂတ်ကာလ တွင်
မဝေးတော့ချေဟု မျှော်လင့်မိပါကြောင်း။






No comments:
Post a Comment