နေပြည်တော်
ဧပြီ ၃ရုရှားနိုင်ငံ အရှေ့ဖျားဒေသကမ်းလွန် Okhotsk ပင်လယ်အတွင်း ရုရှား ငါးဖမ်းသင်္ဘော
Dalnyi Vostok သည် ဝန်ပိုတင်ဆောင်ခြင်းနှင့် လေပြင်း တိုက်ခတ်မှုတို့ကြောင့် ဧပြီ ၁
ရက် ညပိုင်းတွင် နစ်မြုပ်သွားခဲ့ပြီး အဆိုပါ သင်္ဘောနစ်မြုပ်မှုကို ရုရှားအရေးပေါ် ကယ်ဆယ်ရေး
ဝန်ကြီးဌာန (Emergencies Ministry) က ပြောကြားမှုအပေါ်RIA Novosti သတင်း ဌာနက ဧပြီ ၂
ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နစ်မြုပ်သွားသော
ငါးဖမ်းသင်္ဘော Dalniy Vostok ပေါ်တွင် သင်္ဘော သား ၁၃၂ ဦး တာဝန်ထမ်း ဆောင်လျက်ရှိပြီး
နစ်မြုပ်ချိန်တွင် သင်္ဘောသား ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းတွင် မြန်မာနိုင်ငံသား
ငါးဦးပါဝင်ကြောင်း၊ ရုပ်အလောင်း ၅၄ လောင်း ဆယ်ယူရရှိပြီး ၁၅ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း၊
သင်္ဘောသား ၁၃၂ ဦးတွင် ရုရှားနိုင်ငံသား ၇၈ ဦးနှင့် အခြားနိုင်ငံသား ၅၄ ဦးပါဝင်ပြီး
ယင်းအနက် ၄၂ ဦးမှာ မြန်မာနိုင်ငံသား များဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။
အဆိုပါ
ငါးဖမ်းသင်္ဘော နစ်မြုပ်မှု အခြေအနေကို မြန်မာသံရုံးက ရုရှား အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနသို့
ဆက်သွယ် မေးမြန်းခဲ့ရာ သတင်း အတည်ပြုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
No comments:
Post a Comment