Sunday, April 26, 2015

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကွမ်ကျိုးပြည် နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွား နှင့် တွေ့ဆုံဆွေးနွေး




ကွမ်ကျိုး ဧပြီ ၂၆
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည် သူ့သမ္မတနိုင်ငံ ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွား နှင့် ဧပြီလ ၂၅ ရက် ဒေသစံတော်ခိန် နာရီ ၁၅ မိနစ်တွင် ကွမ်ကျိုး ပြည်နယ် အစိုး ရအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော် နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊  မြန်မာကောင်စစ် ဝန်ချုပ် ဦးမြင့်ထွန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ် စားလှယ်အဖွဲ့အား ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွားက ဂုဏ်ပြုည စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

No comments:

Post a Comment