နေပြည်တော် မတ် ၂၉
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ဗြိတိန်နိုင်ငံမှ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး Sir David Richards GCB CBE DOS အား ယနေ့ ညနေ ၃ နာရီတွင် ဘုရင့်နောင်ရိပ်သာ
ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံမှ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew
Silas Patrick၊ စစ်သံမှူး Colonel Antony Stern နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင်
တပ်မတော်မှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊
လက်ရှိဆောင်ရွက်နေသော တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အကောင်အထည်ဖော်မှု အခြေအနေများ၊ တပ်မတော်နှင့် မီဒီယာကြားထိတွေ့ ဆက်သွယ်ဆောင် ရွက်နေမှု
အခြေအနေများနှင့် ၂၀၁၅ ခုနှစ်တွင် တွေ့ကြုံရနိုင်သည်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။
အငြိမ်းစားကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards သည် Eastbourne College မှ ဘွဲ့ရရှိခဲ့ပြီး
၁၉၇၄ ခုနှစ်တွင် University College Cordiff Graduating ၌ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အား လေ့လာသင်ကြား ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗြိတိန်တော်ဝင်
အမြောက်တပ်၌ ပြန်တမ်းဝင်အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင်
ဗြိတိန်တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အငြိမ်းစားယူခဲ့သူ
ဖြစ်ကြောင်းနှင့် ယခုအကြိမ်အပါအဝင် မြန်မာနိုင်ငံသို့ ၃ ကြိမ် မြောက်လာရောက်ခြင်း ဖြစ်ကြောင်း
သိရှိရသည်။
No comments:
Post a Comment