Sunday, March 29, 2015

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်

မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၃၆၊ အမှတ် ၇၁၇၊ (၂၅-၃၁၊၃၊၂၀၁၅ ) စာမျက်နှာ ၄၆ တွင် ကာတွန်းဆရာ ထူး၏ ကာတွန်းအား ထည့်သွင်းဖေါ်ပြခဲ့ပါ သည်။ယင်းကာတွန်းအား လောက်ကိုင်ဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်သည့်
တပ်မတော်၏ သတင်းထုတ်ပြန်မှုများ အပေါ်ဆက်စပ် ရေးဆွဲထားသည်ဟု ယူဆရပါသည်။ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ လအတွင်း ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ ဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးမှု၊ နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်မှုဖြစ်၍ တပ်မတော်သားများ၏ အသက်သွေးချွေး၊ ခန္ဓာ၊ ကိုယ်လက်အင်္ဂါ များစွာပေးဆပ်၍ ရဲဝံ့စွန့်စားစွာ တိုက်ခိုက် ချေမှုန်းခဲ့ရပါသည်။ သို့ဖြစ်၍လည်းရဟန်းရှင်လူ အပေါင်း တို့က တပ်မတော်၏ သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက် မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေး လျက်ရှိကြပါ သည်။ ထိုသို့ မှန်ကန်သော ရပ်တည်ချက်နှင့် အသက်ခန္ဓာ သွေးချွေးပေးဆပ်မှု များစွာဖြင့် တရားသော စစ်ကို ဆင်နွှဲနေ သည့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ညှိုးနွမ်းထိခိုက် စေသောအဓိပ္ပါယ် သက်ရောက်သည့် ကာတွန်းအား ထည့်သွင်းဖေါ်ပြခြင်း အတွက်များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ ကိုယ်စား ကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment