Tuesday, March 31, 2015

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ကိုးရီယားသမ္မတနိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ




နေပြည်တော်  မတ် ၃၁
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် ကိုရီးယား သမ္မတ နိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သော အဖွဲ့အား ယနေ့  နံနက် နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက် ဇင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environment Impact Assessment - EIA) ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲ ပြုစုရာတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားမဖြစ်စေရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဟန်ချက်ညီစေရန် ဆောင်ရွက်မှုများ၊ နိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီသည့် နိုင်ငံ၏မူပိုင် ပတ်ဝန်းကျင် အရည် အသွေးစံချိန်စံညွှန်းများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်နွယ်သည့်ဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ဆောင်ရွက်မှု အခြေအနေများ၊ ကမ္ဘာမြေထိပ်သီးညီလာခံမှ ပေါ်ပေါက်လာသည့် ဇီဝ မျိုးစုံ မျိုးကွဲကွန်ဗင်းရှင်း၊ သဲကန္တာရဖြစ် ထွန်းမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေမှုများ၊ ဆက်လက်၍ သဘာဝသယံဇာတ ထိန်းသိမ်း ရေးနှင့် ပတ်သက်၍ သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည် ထောင်ခြင်း၊ ဒီရေတောများ ထိန်းသိမ်းတည်ထောင်ခြင်း လုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ အားပေးမြှင့် တင်ရန်အ တွက်  သစ်တောစိုက်ခင်းတည်ထောင်ရာတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်မှု လုပ်ငန်းများ၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေး အတွက် တိုင်းဒေသကြီး ခု တွင် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၊ UN-REDD ASEAN Korea Forest Cooperation - AFoCo ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS) နှင့် နော်ဝေ နိုင်ငံအစိုးရ တို့နှင့် ပူးပေါင်း၍ သစ်တောများပြုန်းတီးခြင်းမှ  ကာဗွန်ထုတ် လွှတ်မှု လျော့နည်းစေ ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ (REDD+ Country Programme) ၂၀၁၄ ခုနှစ် ဧပြီလ ရက် နေ့မှ စ၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပြီး သစ်တောများမှ အမှန်တကယ်ထွက်ရှိနိုင်သည့် နှစ်စဉ်တောထွက် (Annual Allowable Cut - AAC) သတ်မှတ်ချက် ဘောင်အတွင်းမှ သစ်ခုတ် လှဲထုတ်လုပ်နေသည့် အစီအမံများ နှင့်  သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှုများ၊  EU နှင့် ပူးပေါင်း၍ Forest Law Enforcement, Governance and Trade - FLEG-T, Voluntary Partnership Agreement - VPA အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ သစ်များကို နိုင်ငံတကာသစ်ဈေး ကွက်တွင် တရားဝင်သစ်အဖြစ် ရောင်းဝယ်ဖောက်ကားနိုင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသား အဆင့် မြေအသုံးချမှု မူဝါဒရေးဆွဲပြဋ္ဌာန်းရေးအတွက် ဆောင်ရွက်မှု များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများအပါအဝင် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment