Tuesday, March 31, 2015

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ ကျင်းပ




နေပြည်တော်  မတ် ၃၁
ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၆) ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၅ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏ အတည် ပြုချက်ရယူခဲ့သည်။

ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဥပဒေကြမ်း တစ်ရပ်လုံးကိုအတည်ပြုနိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့ သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမြဲတမ်းအတွင်းဝန်များ ခန့်နိုင်ရေးအား ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြခဲ့သည်။

No comments:

Post a Comment