Tuesday, March 31, 2015

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. Nicholas Coppel အား လက်ခံတွေ့ဆုံ




နေပြည်တော် မတ် ၃၁
အမျိုးသား လွှတ်တော်ဥ က္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်း၊ လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင် ဦးစောမော်ထွန်း၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးစိုးမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment