Monday, March 30, 2015

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရင်းနိုင်ငံတော် အတွက် အသက်စွန့်သွားကြသူများအား ဂုဏ်ပြု


နေပြည်တော် မတ် ၂၉

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးနှင့် တာဝန် ရှိသူ များနှင့်အတူ မတ် ၂၇ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသော မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား သို့တက်ရောက်အားပေးသည်။အခမ်းအနားတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက်အသက်ခန္ဓာ ပေးဆပ်ရ ခြင်းထက် မွန်မြတ်သောဂုဏ်မရှိ ပါကြောင်း၊ မွန်မြတ်သောစွန့် လွှတ်စွန့်စား ဆောင်ရွက်မှုကြောင့် နောင်သားစဉ် မြေးဆက်တိုင် ဂုဏ် ယူရမည်ဖြစ်ပါကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝ ဘေးအန္တရာယ်များတွင် စွန့်လွှတ်စွန့် စား ဆောင်ရွက်မှုများကြောင့် ဒေသခံပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိကြသူများဖြစ်ပါ ကြောင်း၊ ယနေ့တွင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာ ကွယ်ရင်း နိုင်ငံတော်အတွက် အသက်စွန့်သွားကြသူများကို ဂုဏ်ပြု ပါကြောင်းဖြင့် အားပေးစကား ပြောကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက မီးသတ်တာဝန်ထမ်း ဆောင်ရင်း အသက်ပေးလှူသွား သည့် ပျော်ဘွယ်မြို့နယ် မီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် အေးမင်းသွင်နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် သိန်းဇော်ဝင်း(ခ) မော်စီတို့၏ မိသားစုဝင်များကို ဂုဏ်ပြုထောက်ပံ့ ငွေများ ပေးအပ်သည်။

ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံ ၌ ဆေးဝါးကုသမှုခံယူနေကြသည့် မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကိုကိုထွေးနှင့် တပ်ကြပ်ကြီး ပြည့်ဖြိုး ဦးတို့အား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။

မွန်းလွဲပိုင်းတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည် ရမည်းသင်းမြို့ ရန်အောင်မြင် သာသနာ့ဗိမာန်၌ ကျင်းပသည့် အစိုးရပထမပြန် စာအောင်သံဃာ တော်များအား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်သည်။
အစီအစဉ်အရ ရမည်းသင်းမြို့ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဂန္တသာရထံမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။

ထို့နောက် အစိုးရပထမပြန် စာပြန်ပွဲတွင် အောင်မြင်တော်မူကြ သည့် ဆရာတော်၊ သံဃာတော် များအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းကြသည်။
ယင်းနောက် ရန်အောင်မင်း ကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသထံမှ လှူဒါန်း မှုအစုစုတို့အတွက် အနုမောဒနာ တရား နာယူတော်မူကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

မတ် ၂၈ ရက် နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်သည် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ် ညောင်ရမ်းဈေးကျေးရွာ၌ (၁၆)ခုတင်ဆံ့ ညောင်ရမ်းတိုက် နယ်ဆေးရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆေးရုံအဆောက် အအုံသစ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး၊ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမောင်၊ တိုင်းဒေသကြီး ကျန်း မာရေး ဦးစီးမှူးဒေါက်တာ မျိုးသန့် ခိုင်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

ဆက်လက်၍ ညောင်ရမ်းတိုက် နယ်ဆေးရုံဆိုင်းဘုတ်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် တိုက်နယ်ဆေးရုံအတွင်း ရှိ အရေးပေါ်ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အမျိုးသား လူနာ ဆောင်၊ အမျိုးသမီးလူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက် ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ် ဆေးပြီး ဆေးရုံတက်လူနာများကို အားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် မိတ္ထီလာခရိုင် သဲတောမြို့ ကိုးတောင်ပြည့် ကျောင်းတိုက်ဆရာ တော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇနိယအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် သက္ကရာဇ် ၁၂၉၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည့် အဘိဓမ္မာ ပိဋကတ်၊ ဝိနယ ပိဋကတ်၊ သုတ္တန္တ ပိဋကတ်ကျောက်စာရုံများရှိ ကျောက်စာချပ်ရေ ၅၈၆ ချပ်အား ထွင်းထုပူဇော်ထားမှုကို လှည့်လည် ကြည်ညိုခဲ့သည်။

ထိုမှတစ်ဆင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌသည် သဲတောမြို့ ဒေသန္တရ ကျန်းမာရေးဌာနအဆင့် မြှင့်တင်တည်ဆောက်နေမှုကို ကြည့် ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ဒေသခံပြည်သူများ ၏ကျန်းမာရေးဆိုင်ရာ အသိအမြင် များတိုးတက်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို ကျေးရွာဒေသ အနှံရောက်ရှိအောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြောင်းလဲတိုးတက်လာသည့် လူမှု ဘဝနေထိုင်မှုများနှင့်အညီ တစ် ကိုယ်ရေကျန်းမာရေးအတွက် ဆောင် ရန် ရှောင်ရန်များကို လူထုအတွင်း ပျံ့နှံ့အောင်လည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပူပြင်း ခြောက်သွေ့ပြီး ရေရှားပါးသော ဒေသတွင် ပါဝင်သည့်အတွက် လည်း မျက်စိရောဂါများကို ဖြစ် ပွားမှုမရှိအောင် ကြိုတင်အသိ ပညာပေး၍ ကာကွယ်သွားရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း များ အနေဖြင့် တိုးတက်ပြောင်းလဲ လာသည့် ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများတိုးတက် စေရန်အတွက် သက်ဆိုင်ရာ အထူး ကုဆရာဝန်ကြီးများနှင့် တယ်လီ ဖုန်းဖြင့်နှီးနှောဖလှယ်သွားရမည့် အပြင်သုတေသန လုပ်ငန်းများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်းဖြင့် မှာကြား ခဲ့သည်။


မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်သည် မိတ္ထီလာမြို့ ဝန်ဇင်း ရပ်ကွက်ရှိ မေတ္တာရွှေပြည်ဆေး ပေးခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

No comments:

Post a Comment