Monday, March 30, 2015

မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ် မဟာသီဟသူရ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လည် ခေါ်ဆောင် ရောက်ရှိ






မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရသည် မလေးရှားနိုင်ငံ ရေတပ်၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ ကျင်းပသည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်ခဲ့ပြီး အပြန်ခရီးစဉ်တွင် မလေးရှားနိုင်ငံ၌ တရားမဝင်ရောက် ရှိနေသော မြန်မာအလုပ်သမား ၁ဝ၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

မြန်မာအလုပ်သမားများ မလေး ရှားနိုင်ငံ၌ တရားမဝင်ရောက်ရှိပြီး တွေ့ကြုံခဲ့ရသည့် အခက်အခဲများ နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်ခဲ့မှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာအလုပ် သမားများကို မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်။

ဦးညွန့်ဦး(လက်ထောက်ညွှန်ကြား ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
ရန်ကုန်တောင်ပိုင်းခရိုင်)
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်တဲ့ အလုပ်သမား တွေ နောင်တစ်ချိန်မှာ တရားဝင် သွားနိုင်ဖို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့အဖွဲ့တွေ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့ထား ပြီးပြီ၊ သူတို့ကို အသိပညာပေးချင် တယ်။ နောင်တစ်ချိန်မှာ တရားဝင် သွားလို့ရအောင် လုပ်ပေးမယ်။ တရားဝင် သွားလို့ရအောင် မှတ်ပုံ တင်နဲ့ သန်းခေါင်စာရင်း မရှိဘူး ဆိုရင် မိုးပွင့်အထူးစီမံချက် လုပ်ပေး နေပါတယ်။ မိမိသက်ဆိုင်ရာ မြို့နယ်တွေမှာ တိုင်းဦးစီးမှူးတွေကို အကြောင်းကြားပြီး လက်ဝယ် အရောက်လုပ်ပေးသွားမှာပါ။တခြား နိုင်ငံကို တရားမဝင်မသွားပါနဲ့၊ လဝက အက်ဥပဒေအရ တရားစွဲခံရ မယ်။ အခု တရားစွဲခြင်း မရှိသေး ပါဘူး။ နောင်တစ်ချိန် တရားဝင် သွားလို့ရအောင်၊ နိုင်ငံကူးလက်မှတ် တွေရအောင် ဆောင်ရွက်ပေးသွားဖို့ အသိပေးခြင်းဖြစ်ပါတယ်။ အားလုံး ကို တရားဝင်သွားစေချင်ပါတယ်။

ဦးမျိုးအောင် (ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန)
အဓိကက သူများနိုင်ငံမှာ သွားအလုပ်လုပ်ကြတဲ့အခါ တရား ဝင် သွားရောက်အလုပ်လုပ်ကြပါ။ တရားဝင်သွားရောက်တဲ့ သူတွေ တောင် သူများနိုင်ငံရဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း တွေ နားမလည်သဘောမပေါက် ထားရင်တော့ တရားမဝင်ဖြစ်သွား ပြန်ရော၊ ဥပမာ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် စတဲ့အရာတွေ မကိုက်ညီ ရင်လည်း တရားမဝင် ဖြစ်တတ်ပါ တယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ ဦးဆောင်မှုနဲ့ ဒီလုပ်ငန်းစဉ်ဖြစ်လာတယ်။မလေး ရှားမှာ ထိန်းသိမ်းခံထားရတဲ့သူတွေ ချည်း အခုပြန်လာတာ၊ နာမကျန်း တာ နှစ်ယောက်ပါတယ်လို့ သိရ တယ်။ နိုင်ငံတော်အနေနဲ့ ကိုယ့် လူမျိုးတွေအပေါ် ပစ်မထားဘူးဆို တာ သိစေချင်တယ်။ ဒါ့ကြောင့် တရားဝင်လည်းဖြစ်၊ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေကို နားလည်ထားရမယ်။ အခြားနိုင်ငံကို မသွားခင် သိသင့်သိထိုက်တာတွေ ကို မေးပြီး လေ့လာ၊ သိအောင်လုပ်ပြီး မှ သွားပါလို့ အကြံပြုချင်ပါ တယ်။

ကိုကျော်စွာလင်း (မြန်မာအလုပ် သမား၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့)
၂ဝဝ၉ ခုနှစ်မှာ မလေးရှားနိုင်ငံ ကို ရောက်ခဲ့တာပါ။ စားသောက်ဆိုင် မှာ လုပ်ပါတယ်။ နိုင်ငံကူးလက်မှတ် မရှိလို့ အဖမ်းခံရတာပါ။ ထောင် နှစ်လနဲ့ ကြိမ်ဒဏ်တစ်ချက် ကျပါ တယ်။ ထိန်းသိမ်းရေးစခန်းမှာ ရှစ် လခွဲကြာတယ်။ ထိန်းသိမ်းရေးစခန်း က ထောင်လိုပါပဲ၊ မြန်မာနိုင်ငံနဲ့ လည်း အဆက်အသွယ်မရှိ၊ ပြန်ဖို့ လည်း ပိုက်ဆံမရှိ၊ အခု နိုင်ငံတော် အစိုးရအစီအစဉ်နဲ့ ပြန်လာရတာပါ။ မြန်မာနိုင်ငံကို ပြန်ချင်တဲ့သူ တွေ အများကြီးရှိပါတယ်။ အခု တပ်မတော်သင်္ဘောပေါ်မှာ အစစ အရာရာဂရုစိုက်ပါတယ်။ ကျန်းမာ ရေးကအစ အစစအရာရာ စောင့် ရှောက်ပေးတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဒီလိုစောင့်ရှောက်မှုမျိုး တစ်ခါမှ မခံခဲ့ရဘူး။ အခု သင်္ဘောနဲ့ ချိတ်ဆက်မိတာက နိုင်ငံတော်သမ္မတ ကြီး မလေးရှားနိုင်ငံကိုရောက်တုန်း က ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ သိရ ပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ပစ်မထားတဲ့အကြောင်း ဒီမှာ ဒုက္ခ ရောက်နေတဲ့သူတွေကို သင်္ဘောက အရာရှိတွေ တတ်နိုင်သလောက် ခေါ်ဆောင်သွားဖို့ ပြောတယ်လို့ သံအမတ်ကြီးက အသိပေးပါ တယ်။

ကိုတင်ဆွေအေး (မြန်မာအလုပ် သမား၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်)
မလေးရှားမှာ အလုပ်လုပ်ခဲ့ တာ ရှစ်နှစ်ရှိပြီ။ နောက်ပိုင်း အဆင် မပြေတော့ဘူး၊ နိုင်ငံကူးလက်မှတ် မရှိတဲ့အတွက် အဖမ်းခံရတယ်။ ထောင်နဲ့ ထိန်းသိမ်းရေးစခန်းတွေ မှာ ၁၁ လကျော်ကြာတယ်။ အစာ ရေစာမဝဘူး။ အခုလို လာခေါ်ပေး တဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ဒီတပ်မတော် သင်္ဘောပေါ်က အရာရှိစစ်သည်တွေ အားလုံး လမ်းတစ်လျှောက်လုံး ကျန်းမာရေး ကအစ အစစအရာရာ လိုလေသေး မရှိ ခေါ်လာပေးတဲ့အတွက် ကျေးဇူး တင်မဆုံး၊ ဝမ်းသာမဆုံး ဖြစ်မိပါ တယ်။ နောက်သွားမယ့်သူတွေ တရားဝင်သွားကြပါ၊ တရားမဝင် သွားရင်တော့ ကျွန်တော်တို့လို ဒုက္ခတွေရောက်ကြမှာပါ။

ဗိုလ်မှူးကြီး ဇွဲဝင်းမြင့်ဟအမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ ရေယာဉ်စုမှူး'
မလေးရှားနိုင်ငံ လန်ကာဝီကျွန်း မှာ ကျင်းပတဲ့ပြပွဲကို တက်ရောက်တဲ့ သူအနေနဲ့ ပါပါတယ်။ မလေးရှား နိုင်ငံ ရေတပ်စခန်းဌာနချုပ်ကို ချစ်ကြည်ရေးခရီး သွားရောက်လည် ပတ်ပါတယ်။ အပြန်မှာ မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာ အလုပ်သမား ၁ဝဝ ကျော် ခေါ်လာဖို့ သက်ဆိုင်ရာ အကြီးအကဲတွေက ညွှန်ကြားတဲ့အတွက် ကျွန်တော် ဦးဆောင်ပြီး ဒီခရီးစဉ်ဖြစ်သွားတာ ပါ။

မြန်မာအလုပ်သမားတွေနဲ့ ပတ် သက်ပြီး မလေးရှားလူဝင်မှုကြီးကြပ် ရေး ထိန်းသိမ်းရေးစခန်းတွေ ရှိပါ တယ်။ ဒီထိန်းသိမ်းရေးစခန်းမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး က စိစစ်ပြီးတော့ မလေးရှားလူဝင်မှု ကြီးကြပ်ရေးက ခေါ်ဆောင်လာ ပေးတယ်။ မြန်မာသံအမတ်ကြီး ဦးဇော်မြင့်ဆီကတစ်ဆင့် လွှဲပြောင်း ယူပြီး ကျွန်တော်တို့သင်္ဘောနဲ့ ခေါ် ဆောင်လာပေးတာဖြစ်ပါတယ်။ ဒါ တပ်မတော်(ရေ)အနေနဲ့ ပထမဆုံး အကြိမ် ပြည်ပက အလုပ်သမား တွေကို ခေါ်ဆောင်လာပေးတာပါ။ တပ်မတော်(ရေ)ရဲ့ အခန်းကဏ္ဍ (၄)ခုရှိပါတယ်။ ကာကွယ်ရေးကဏ္ဍ၊ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊သံတမန်ရေးရာကဏ္ဍ၊ လူသား ချင်းစာနာထောက်ထားတဲ့ အကူ အညီပေးရေးကဏ္ဍဖြစ်ပါတယ်။ အခု သွားတာက သံတမန်ရေးရာကဏ္ဍ အရ လုပ်ဆောင်တာဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး ကဏ္ဍအရ ဘေးဒုက္ခရောက်နေတဲ့အချိန် ဒုက္ခ ရောက်သူတွေ၊ အခက်အခဲရှိနေတဲ့ သူတွေတွေ့မှပဲ လုပ်ဆောင်ရတဲ့ ကဏ္ဍဖြစ်ပါတယ်။ အကူအညီပေး ရတဲ့အခါ ဒုက္ခရောက်တဲ့သူရှိမှ လုပ်ဆောင်ပေးရပါတယ်။ ဒီလို လုပ်ဆောင်ပေးရတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါတယ်။

အခု မြန်မာနိုင်ငံမှာ နိုင်ငံခြား ကို တရားဝင်သွားရောက်လုပ်ကိုင် ဖို့ အခွင့်အလမ်းတွေ ရနေပါပြီ။ တရားမဝင်သွားတဲ့အခါ အလုပ် သမားရမယ့် ရပိုင်ခွင့်တွေ၊ သံရုံးက အကာအကွယ်ပေးပိုင်ခွင့်တွေ အလို အလျောက် ဆုံးရှုံးသွားမှာဖြစ်ပါ တယ်။ တရားဝင်သွားရောက်မှသာ အဲဒီနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက အပြည့်အဝ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို အချိန်မျိုးမှာ တရားမဝင် သွားရောက်ခြင်းကို ဖြစ်နိုင်ရင် ရှောင်ရှားစေလိုပါတယ်။ မြန်မာအလုပ်သမားဆိုတာ နိုင်ငံ တကာမှာ အလုပ်လုပ်တာနဲ့ ပတ် သက်ရင် ဂုဏ်ရှိပြီးသားပါ။ အလုပ် ရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ အခြားနိုင်ငံက အာဏာပိုင်တွေရဲ့ တရားဥပဒေကြောင်းအရ အရေးယူ မှုတွေကို ရှောင်ရှားနိုင်ဖို့ဆိုတာ တရားဝင်သွားတာက အကောင်းဆုံး ဖြစ်ပါတယ်လို့ အကြံပြုချင်ပါ တယ်။


သွားတုန်းက ဟိုကစက်ရုံမှာ ဆေးစစ်တော့ ဆေးကျတယ်။ မြန်မာ ပြည် ပြန်ပို့မယ်လုပ်တော့ ထွက်ပြေး တယ်။ စွန့်ပစ်အပိုပစ္စည်းထုတ်လုပ် တဲ့စက်ရုံမှာ အလုပ်လုပ်တယ်။ ကျောထဲကအရိုးထွက်လာပြီး ခြေ ထောက်တွေလှုပ်ရှားရတာ မကောင်း တော့ဘူး။ ဒါပေမယ့် ခြောက်လ၊ ခုနစ်လလောက်အထိ ရအောင် အလုပ်လုပ်ခဲ့သေးတယ်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ခြေထောက်တွေ လှုပ်မရတော့ဘူး။ ဆေးရုံတက်ရတယ်။ မြန်မာသံရုံး က အကူအညီနဲ့ အခုလိုပြန်ရတယ်။ ပြန်ရတဲ့အတွက် ဝမ်းသာပါတယ်။ လမ်းတစ်လျှောက်လုံး တပ်မတော် (ရေ)က ကျန်းမာရေးစောင့်ရှောက်မှု တွေ လုပ်ပေးပါတယ်။ ရန်ကုန်မှာ ဆေးရုံဆက်တက်ဖို့ရှိတယ်။ ဟိုမှာ က ဆေးရုံစရိတ်မတတ်နိုင်ဘူး။

No comments:

Post a Comment