နေပြည်တော် မတ် ၁
လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနက ကျောက်ဖြူမြို့ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အား
စနစ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက
ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် ကျောက်ဖြူမြို့ ဂုန်းချွိန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု
ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ကျောက်ဖြူမြို့GAS Engine များမှ
ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ၌ တည်ဆောက် ပြီးစီးသည့် ရေအား၊
သဘာဝဓာတ်ငွေ့ နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစုစုပေါင်း ၄၄ရုံဖြစ်ပြီး၊
စုစုပေါင်း စက်တပ်ဆင်အား ၄၇၁၄ မဂ္ဂါဝပ်ရှိပါ ကြောင်း၊ ဓာတ်အား စနစ်ထုတ်လုပ် ဖြန့်ဖြူးမှုမှာ
၂ဝ၁၄ ခုနှစ်အတွင်း အများ ဆုံး ၂၂၃၂ မဂ္ဂါဝပ်အထိ ရှိပါကြောင်း။
၂ဝ၁ဝ-၂ဝ၁၁ခုနှစ်က
အိမ်ထောင်စု ပေါင်း ၂ ဒသမ ၄၂ သန်းအတွက်သာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ယခု ၂ဝ၁၅
ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၁၅ သန်းအထိ ဓာတ်အားပေး ထားနိုင်သည့်အတွက် ၃၄ ဒသမ
၆ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲလာ နိုင်ပြီဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား မရသေးသည့်
ပြည်သူ ၆၅ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည့် ကျန်အိမ်ထောင်စုပေါင်း ၆ ဒသမ ၁၃ သန်းကို ဓာတ်အား
ဆက်သွယ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် လက်ရှိဆောင်ရွက် မှုနှုန်း၏ သုံးဆ တိုးမြှင့်ပြီး
ဆောင်ရွက်မည်ဆိုပါက အချိန် ၁၂ နှစ်ခန့် ဆက်တိုက်ဆောင်ရွက် ပေးသွားရမည် ဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားသည်
ပြည်သူ များအတွက် မရှိမဖြစ်လိုအပ်နေသည့်အရာတစ်ခုဖြစ်သည့်အတွက် လျှပ်စစ် ဓာတ်အား လုံလုံလောက်လောက်မရပါက
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည်လည်း နောက်ကျနေဦးမည် ဖြစ်ပါကြောင်း၊ ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို လျှပ်စစ် ဓာတ်အားအပြည့်အဝ ထုတ်လုပ်သုံးစွဲ နိုင်ရေးအတွက်
ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင် ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း
စွမ်းအင်အရင်းအမြစ် အမျိုးမျိုးဖြစ် သည့်ရေအား၊ သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင်၊
ကျောက်မီးသွေးစသည့် ဓာတ်အားထုတ်လုပ်ပေး နိုင်မည့် နည်းလမ်းများကိုအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရခိုင်ပြည်နယ်နေ့ ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် နှင့် နိုင်ငံတော် ဓာတ်အားပေးစနစ်
ချိတ် ဆက်ကာ လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်တစ်ဝန်း
ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင်
မဟာဓာတ်အားလိုင်း မချိတ်ဆက်နိုင်သေးမီကာလ တစ်လျှောက်လုံး ဒီဇယ်ဆီမီးစက်များမှ လျှပ်စစ်ဓာတ်အားခ
တစ်ယူနစ်လျှင် အနည်းဆုံး ငွေကျပ် ၄၅ဝ ခန့်ပေးပြီး သုံးစွဲနေခဲ့ရသည်ကို နိုင်ငံတော်အစိုးရ
အနေဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ သည်ကို ရှင်းလင်းတင်ပြလိုပါကြောင်း၊
ပထမအဆင့်တွင် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့စတင်သုံးစွဲနိုင် သည်နှင့် ဓာတ်အားအမြန်ထုတ်လုပ်
နိုင်ရန် ကျောက်ဖြူတွင် ၄ ဒသမ ၄ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်စက်များ ငှား ရမ်းပေးပြီး၊ ကျောက်ဖြူမြို့နှင့်
ပတ်ဝန်းကျင်ဒေသများကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က စတင် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊
တစ်ချိန် တည်းမှာပင် ရခိုင်ပြည်နယ်နှင့်အနီးဆုံး ဖြစ်သည့် ဥသျှစ်ပင်ဓာတ်အားခွဲရုံမှ
တစ်ဆင့်တောင်ကုတ်-မအီ-ကျောက်ဖြူ တို့ကို မဟာဓာတ်အားလိုင်းများ သွယ်တန်းတည်ဆောက်ပြီး
ဓာတ်အား စနစ်နှင့်ချိတ်ဆက်ပေးရန် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ၂၃ဝ ကေဗွီဓာတ်အားလိုင်း စုစုပေါင်း
၎ဝ၈ ဒသမ ၂၅ မိုင်ကို တည်ဆောက်ရာတွင် ရခိုင်ရိုးမကို ဖြတ်ကျော် တည်ဆောက်ရခြင်းဖြစ် သည့်အတွက်
ပစ္စည်းများလုပ်ငန်းခွင် ရောက်ရှိရန် သယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် မိုးများသည့်ဒေသ
ဖြစ်သည့်အတွက် လိုင်းတည်ဆောက် ရေးဝန်ထမ်းများ မိုးထဲရေထဲတွင် ဇွဲနပဲ ကြီးစွာဆောင်ရွက်ခဲ့ရပါကြောင်း၊
ယင်း ကြိုးပမ်းချက်ရလဒ်အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တောင်ကုတ်၊ သံတွဲ၊ ငပလီ၊
အမ်း၊ စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များ ကို ဓာတ်အားပေးစနစ်မှ
ဓာတ်အား ဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း လျှပ်စစ် ဓာတ်အားပေးနိုင်ရေး
စီမံကိန်းများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ၂ ဒသမ ၄၁၉ သန်းနှင့် ပြည်တွင်း ငွေကျပ်
၈၈ ဒသမ ၅ဝ၈ ဘီလီယံသုံးစွဲခဲ့ ရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ပြီး လူနေမှုအဆင့်
အတန်းမြင့်မားလာရေး၊ စိုက်ပျိုးရေး အခြေခံ အသေးစားစက်မှုလက်မှု လုပ်ငန်းများထူထောင်နိုင်ရေး၊
အလုပ် အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးတက်နိုင်ရေးတို့ကို အဓိကအလေး ထားပြီး
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အနှံ့အပြားတွင်လည်း
လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတော်၏ လူမှု
စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းရေးအတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ် လုံး၏
ပူးပေါင်းပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ် ဓာတ်အားပြည့်ဝစွာ
သုံးစွဲလာနိုင်မည် ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအားလုံးမှာ
ဖွံ့ဖြိုးတိုးတက်အောင်မြင် လာတော့မည်ဖြစ် ပါကြောင်းဖြင့် ပြော ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က
လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ပြည်နယ် အစိုးရနှင့်အတူ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများက တစ်စိတ်တစ်ဝမ်း၊ တစ်သားတည်းအတူတကွ
ကြိုးပမ်း ဆောင်ရွက်သွားကြရေး ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦး
က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်း၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးထိန်လွင်နှင့်
Zeya & Asso-ciates Co.,Ltd. Managing Director ဦးဇေယျသူရမွန်တို့က လျှပ်စစ်ဓာတ်အားပေး
စက်ရုံအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်းက GAS Engine အား စတင်မောင်းနှင်ပေးကာ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်မှုကို
ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အားပေး
စက်ရုံဝင်း အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။
လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိဓာတ်အား
စနစ်ဖြင့် သံတွဲမြို့၊ ငပလီမြို့၊ တောင် ကုတ်မြို့၊ အမ်းမြို့၊ စစ်တွေမြို့၊ ပုဏ္ဏား
ကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦး မြို့၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များကို
မီးလင်းစေခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် အတွင်း ဓာတ်အားစနစ်ဖြင့် ဆက်လက် မီးလင်းနိုင်ရန်အတွက်
မင်းပြား၊ မဒေး ကျွန်း၊ ပေါက်တော၊ မြေပုံ၊ မအီ၊ ဂွ၊ တပ်တောင်၊ ကမ်းထောင့်ကြီးစသည့်
မြို့များကိုဓာတ်အားစနစ်ဖြင့် ဆက်လက် မီးလင်းနိုင်စေရန် ဆောင်ရွက်နေ ကြောင်း၊ အလားတူ
ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်းနိုင်မည့်မြို့များအဖြစ် ကျိန္တလီမြို့နယ်ခွဲ၊ ရသေ့တောင်မြို့နယ်၊
ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲများကို လျှပ်စစ်မီးရရှိစေရန်
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment