Tuesday, March 31, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန် ရေတပ်ဦးစီးချုပ် Admiral Muhammad Zakaullah NI(M) အား လက်ခံတွေ့ဆုံ





နေပြည်တော်   မတ် ၃၁
မြန်မာ- ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှာ ရှည်လျား ကောင်းမွန်သော ဆက်ဆံရေး ရှိပါကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်မှ စတင်၍ ခေါင်းဆောင်များ တည်ဆောက်ခဲ့သော ကောင်းမွန် သည့် မိတ်ဆွေနိုင်ငံ ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်း၍ ပိုမို အရှိန်မြှင့်တင်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌  ပါကစ္စတန်ရေတပ်ဦးစီးချုပ် Admiral  Muhammad  Zakaullah NI(M)   အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များတက်ရောက်ကြပြီး ပါကစ္စတန်ရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး  H.E. Mr. Ehsan  Ullah  Baath စစ်သံမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအပေါ် အလေးအနက်ထားမှုနှင့် အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လိုသော သဘောထားအပေါ် ကြိုဆို ဝမ်းမြောက်ပါကြောင်း   မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် အာဆီယံအကြား ဆက်စပ် ပေါင်းကူးပေးသော နိုင်ငံဖြစ်၍ ပါကစ္စတန်နှင့်အာဆီယံအကြား ပိုမိုချစ်ကြည် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ထောက်ခံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ-ပါကစ္စတန် သာမက ပါကစ္စတန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ရေတပ်ပိုင်းဆိုင်ရာတွင်သာမက အခြားသော ကဏ္ဍများနှင့် တစ်ကမ္ဘာလုံး အပေါ်ခြိမ်းခြောက်နေသော အကြမ်းဖက် နှိမ်နင်းရေးကဏ္ဍ များတွင် အတွေ့အကြုံများ  ဖလှယ်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဧည့်သည်တော်က မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှာ နက်ရှိုင်းစွာ ကောင်းမွန်သည့်အပြင် ပါကစ္စတန်နိုင်ငံတွင် ပထမဆုံး ခန့်အပ်သည့် သံအမတ်ကြီးမှာလည်း မြန်မာနိုင်ငံ သံအမတ်ကြီးပင်ဖြစ်ပါကြောင်း ပါကစ္စတန်နိုင်ငံ လွတ်လပ်ရေးရပြီးစ နိုင်ငံတည်ငြိမ်မှု တည်ဆောက်ချိန် မြန်မာနိုင်ငံ၏ ထောက်ခံကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပါကစ္စတန်နိုင်ငံအား အာဆီယံ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားသာမက နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးတို့တွင် အကန့် အသတ်မရှိ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံတပ်မတော်(ရေ)အကြား ဆက်ဆံရေးအပြင် တပ်မတော် (ကြည်း၊လေ)ဆက်ဆံရေးများ တိုးမြှင့်ေ ဆာင်ရွက်ရေး ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးနှင့် သင်တန်းများစေ လွှတ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပါကစ္စတန်ရေတပ်ဦးစီးချုပ် Admiral  Muhammad  Zakaullah  NI(M) သည် ပါကစ္စတန်ရေတပ်အကယ်ဒမီ ကျောင်းမှ အကောင်းဆုံးကျောင်းသားဆုဖြင့် သင်တန်းဆင်းခဲ့သူဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ပါကစ္စတန် ရေတပ်၏ ၂၀ ဦးမြောက် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်ကြောင်း သိရှိရ သည်။



No comments:

Post a Comment