နေပြည်တော်၊ ဖေဖော်ဝါရီလ ၆ ရက်
အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီသည်
ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI)၊ The Overseas Human
Resources and Industry Development Organization (HIDA)နှင့် The University of
Tokyo တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏စွမ်းအင်မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
International Symposium တစ်ရပ်ကိုယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် Grand Amara
Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါ International Symposium ဖွင့်ပွဲအခမ်းအနားတွင်
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
ဦးဇေယျာအောင်၊ ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ
Deputy Director General Mr. Yosuhiko Yoshida နှင့် The Overseas Human Resources
and Industry Development Organization (HIDA) မှ Senior Managing Director Mr.
SadaoTakedoတို့မှ အဖွင့်အမှာစကား ပြောကြားကြသည်။
အဆိုပါ International Symposium သည် ၂၀၁၄
ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းအပိုင်း (၆) ပိုင်းခွဲ၍ ကျင်းပခဲ့သော
Energy Policy Workshop ၏ ဆက်စပ်အခမ်းအနားတစ်ရပ်ဖြစ်ပြီး၊ ယင်းEnergy Policy
Workshop သို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များမှ ၎င်းတို့ ပြုစုထားသည့် စွမ်းအင်မူဝါဒဆိုင်ရာ
စာတမ်းများအားInternational Symposium၌ တင်ပြဆွေးနွေးခဲ့ကြကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်
အခမ်းအနားသို့ တက်ရောက်လာ သူများမှပြန်လည် အကြံပြုဆွေးနွေးကြကြောင်း သိရှိရသည်။

No comments:
Post a Comment