Thursday, February 26, 2015

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၈)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံများ၏ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဦးဌေးဦး၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေး မှူး ဒေါ်ဒွဲဘူ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment