Thursday, February 26, 2015

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



နေပြည်တော် - ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ လာအိုပြည် သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင် ညဇန်သည် ယနေ့ နံနက်(၁၀)နာရီ ခွဲတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။





အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်အနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment