Sunday, February 1, 2015

ဆန်စပါးစိုက်တောင်သူများအတွက် ခိုင်မာသောဈေးနှုန်းနှင့် ဈေးကွက်နေရာ ရရှိရေးသည် ခေတ်မီဆန်စက် များ၏ ကဏ္ဍသည်အရေးကြီး

နေပြည်တော် ဖေဖော်ဝါရီလ ၁
ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံက် (၈) နာရီခွဲတွင်  ဒဂုံမြို့သစ် ရွာသာကြီးရှိ Good Brothers ကုမ္ပဏီ ၏ လယ်ယာသုံးစက် ကိရိယာထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိပြီး ခေတ်မီလယ်ထွန်စက်ကြီးများနှင့် လက်တွန်း ထွန်စက်များ ထုတ်လုပ်တပ်ဆင်နေမှု များကို စစ်ဆေးကြည့်ရှုရာ Good Brothers ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာနှင့် စက်မှုလယ်ယာ ညွှန်ကြားရေးမှူးချုပ်တို့က ယခုနှစ်အတွင်း ခေတ်မီလယ်ထွန်စက်ကြီး အစီးရေ (၄၅၀) ရိပ်သိမ်းခြွေလှေ့စက်
အစီးရေ (၂၁၇) စီးနှင့် မြင်းကောင်ရေ (၁၂) ကောင်အားရှိ လက်တွန်း ထွန်စက် အစီးရေ (၂၁၃၀၀) စီးကို ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် နေပြည်တော်ကောင်စီ နယ်မြေရှိ အရောင်းဆိုင်ခွဲ များမှ အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ခဲ့မှု အခြေအနေများနှင့် စက်ရုံ၌ လက်တွန်းထွန်စက်စီးရေ (၃၀၀၀)၊ ခေတ်မီလယ်ထွန်စက် စီးရေ (၃၀၀) တို့အား ဝယ်လိုအား ကောင်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရန် အသင့်ဖြစ်နေမှုကို ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စုဝန်ကြီးမှ စက်ရုံအတွင်း လက်တွန်းထွန်စက် အင်ဂျင်များတပ်ဆင်နေမှု ထွန်စက်များ တပ်ဆင်ပြီး ဖြန့်ဖြူးရန် အသင့်ဖြစ်နေမှု၊ လယ်ယာသုံး စက်ပစ္စည်းများ ထုတ်လုပ် နေမှုများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးသို့ ဖြန့်ဖြူးရန်အတွက် မော်တော်ယာဉ်များပေါ်သို့ အသင့်ထုပ်ပိုး ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုလယ်ယာမြေ စနစ် ဧက (၁၀၀၀၀) အထူးဇုန်ရှိ ပင်လယ်ကိုးသွယ်ကုမ္ပဏီ၏ တစ်နေ့ တန် (၅၀၀) ကျ ခေတ်မီ ဆန်စက် တည်ဆောက်ရေး လုပ်ငန်း ခွင်သို့ ရောက်ရှိပြီး စက်ရုံရှိ ဂိုဒေါင်အတွင်း၌ ကြိတ်ခွဲရန် အတွက် စပါးကုန်ကြမ်းများရောက်ရှိ သိုလှောင်ထား မှုများကို လည်းကောင်း၊ ဆန်စက်အခြေခံ အဆောက်အဦးနှင့် ဆန်စက်အစိတ်အပိုင်းများရောက်ရှိ တပ်ဆင် နေမှုစပါးသိုလှောင်ရုံ (Silo) နှင့် အခြောက်ခံစက် (Dryer) များ ဆောက်လုပ်ရန် ပိုင်တိုင်များအား စက်ယန္တရား များဖြင့် ဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးက အခြေခံ စိုက်ပျိုးထုတ်လုပ်ကြသော တောင်သူလယ်သမားများအတွက် ခိုင်မာ သေချာ သော ဈေးနှုန်းနှင့် ဈေးကွက်နေရာ ရရှိနိုင်ရေးအတွက် ခေတ်မီဆန်စက်များ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီးလိုအပ်ပါကြောင်း၊ ဆန်စက်၏အရည်အသွေး ကောင်းမွန်စေရန် လိုအပ်ချက်နှင့် တည်ဆောက်ရေး ကာလအတွင်းမှာပင် လိုအပ်သော ကုန်ကြမ်း အပြည့်အဝ ရရှိရေးအတွက် ဈေးကွက်တောင်းဆိုချက်နှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစပါးများ ထုတ်လုပ်ဖြန့်ဖြူးပေးပြီး ကန်ထရိုက်စိုက်ပျိုးရေးစနစ်ဖြင့် တောင်သူများ ပါဝင်လာအောင် တပြိုင်တည်း စီမံဆောင်ရွက်ရန် လိုအပ်သည်များကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment