Sunday, February 15, 2015

ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး မဟာဗျူဟာ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲဖွင့်

နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပုပ္ပားတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံ မျိုးကွဲများလေ့လာခြင်းနှင့် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတို့ရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးမဟာဗျူဟာဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Grand Amara Hotel ၌ ဖေဖေဝါရီ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပ ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။


ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်၊ ဌာနအကြီး အကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာန အမျိုးသားဇီဝ အရင်းအမြစ်များ သိပ္ပံ ဌာန(NIBR) ဥက္ကဋ္ဌ Dr.Kim Sang Bae ၊ ဗီယက်နမ်နိုင်ငံ ဒါလက် တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Dr. Nguyen Van Ket၊ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Dr. Lee Woo Shin နှင့် သုတေသီ ပါမောက္ခ များ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ရေရှည် မတည်မြဲနိုင်သည့် မြေအသုံးချမှုများ၊ စနစ်တကျစီမံမှုနှင့် ပေါင်းစပ်ညှိနှိုင်း မှုမရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ်စေပြီး ဂေဟစနစ် ဝန်ဆောင်မှုများကို ယိုယွင်းပျက်စီး စေကာ ရာသီဥတုပြောင်းလဲမှု၊ ရေရှား ပါးမှု၊ စိုက်ပျိုးသီးနှံထွက်နှုန်း ကျဆင်း မှု၊ စွမ်းအင်မလုံလောက်မှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါ ကြောင်း၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း ( (United Nation Convention on Biological Diversity - UNCBD) က ရေးသား ပြုစုသည့် Global Biodiversity Outlook 4 - GBO4 အရ ကမ္ဘာ့နိုင်ငံ အချို့တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟ စနစ်များအပေါ် ထိရောက်စွာ ထိန်း သိမ်းစီမံအုပ်ချုပ်နိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ဆိုးကျိုး များကို လျှော့ချ နိုင်ခြင်း၊ ရေအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေခြင်း၊ အစား အစာနှင့် စွမ်းအင်လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ခြင်းနှင့် ကမ္ဘာ့စီးပွား ရေးတိုးတက်မှုကို အထောက်အကူပြု ခြင်း စသည့် နမူနာကောင်းများအဖြစ် ကျေနပ်ဖွယ် မြင်တွေ့နေရသကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင် မှုများဆုံးရှုံးနေမှုကို လျှော့ချရပ်တန့် နိုင်ရန် ထပ်တိုးဆောင်ရွက်ရမည့် လုပ်ငန်းများ ရှိနေပါကြောင်း။
၂ဝ၁၁ ခုနှစ်မှစ၍ သစ်တော ဦးစီးဌာနနှင့် ကိုရီယားသမ္မတနိုင်ငံ NIBR တို့လက်တွဲပြီး၊ မြန်မာနိုင်ငံ၏ ဇီဝအရင်းအမြစ် သတင်းအချက် အလက်များ လေ့လာစုဆောင်းခြင်းကို ပုပ္ပားတောင် ဥယျာဉ်၊ နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အလောင်း တော်ကဿပ အမျိုးသားဥယျာဉ်များ တွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ NIBR နှင့် ပူးပေါင်း၍ ''ပုပ္ပားတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံမျိုးကွဲ များစာအုပ်''ထုတ်ဝေခဲ့ပြီး ပုပ္ပား တောင်ဒေသ၏ အဓိကတောရိုင်း တိရစ္ဆာန်နှင့် အပင်မျိုးစိတ်လေ့လာ ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သတင်း အချက်အလက်များကို စာအုပ်မှ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့ရှိ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အခြေအနေနှင့် ထိန်းသိမ်း ရေး မဟာဗျူဟာဆိုင်ရာ နှီးနှော ဖလှယ်ကြမည်ဖြစ်ပြီး အရှေ့တောင် အာရှဒေသ နိုင်ငံများ၏ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ် ခြင်း၊ အသုံးချခြင်းဆိုင်ရာ နည်းလမ်း ကောင်းများနှင့် အတွေ့အကြုံဗဟု သုတများကို လေ့လာဖလှယ်ခွင့်ရမည် ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် ဇီဝအရင်း အမြစ်များ ထိန်းသိမ်းရေးလုပ်ငန်း များတွင် မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူပေါင်းဆောင်ရွက်မှုကို တိုးမြင့် ခိုင်မာလာ စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသားဇီဝ အရင်းအမြစ်များသိပ္ပံဌာန (NIBR) ဥက္ကဋ္ဌ Dr.Kim Sang Bae က ဝမ်းမြောက် စကားပြောကြားပြီး ပုပ္ပား ဇီဝမျိုးစုံမျိုးကွဲများ စာအုပ်မိတ်ဆက် ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကူး၍ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။ 

No comments:

Post a Comment