Sunday, February 15, 2015

စီပီပြောင်းဖူးများ စိုက်ပျိုးမှုကျယ်ပြန့်လာ



ရေစကြို ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် တစ်ဝိုက်၌ စီပီပြောင်းဖူးများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး အောင်မြင် နေသည်ဟု သိရသည်။


ရေစကြိုမြို့နယ် ညောင်တောအုပ်စု ကူတုတ်ကျေးရွာ၌ စီပီပြောင်း စိုက်ပျိုး သူတစ်ဦးက ''ကျွန်မတို့ စီပီပြောင်းဖူး ကို မိုးစပါး ပြီးတိုင်း စိုက်ပျိုးပါတယ်။ မနှစ်ကတော့ သုည ဒသမ ၈ဝ ဧက လောက် ကျယ်ဝန်းတဲ့ မြေပေါ်မှာ စိုက်ပျိုးတယ်။ တင်း ၈ဝ လောက်ရတယ်။ တစ်တင်းကို ၆ဝဝဝ ကျပ်ရတယ်။ ပုလဲနှစ်အိတ်ခွဲလောက် ကို နှစ်ကြိမ် အပင်ခြေမှာ ပုံပေးလိုက်တယ်။ ဒီနှစ်တော့ အပေါ်ဖူး အောက်ဖူး ညီတော့ တင်း ၁ဝဝ လောက် မှန်းထားပါတယ်။ ဒီနှစ်ဈေးကတော့တစ်တင်း ၇ဝဝဝ ကျပ်ရ တယ်'' ဟု ပြောသည်။

No comments:

Post a Comment