Tuesday, February 17, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖင်လန် သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးအား လက်ခံတွေ့ဆုံ





နေပြည်တော် ဖေဖော်ဝါရီ ၁၇
 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖင်လန် သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ အာကီတိုမီယိုဂျာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။         

ထိုသို့ တွေ့ဆုံရာတွင် ပညာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် သဘာဝ သယံဇာတ စီမံခန့်ခွဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးခင်ရီ၊  ဒေါက်တာ မြင့်အောင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး မစ္စ ကာစတီဝက်စ်ဖာလန်လည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment