Tuesday, February 3, 2015

နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပိုမိုရင်းနှီးစွာဆက်ဆံနိုင်ရေး ဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၂

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီး H. E. Mr. Zenon Kuchciak အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမှတ်ကြီး နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်အချင်းချင်းပိုမိုရင်းနှီးစွာ ဆက်ဆံနိုင်ရေးနှင့် လွှတ်တော်ရုံး ဝန်ထမ်းများ အရည်အသွေးမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment