နေပြည်တော်
ဖေဖော်ဝါရီ ၁၇
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန
ဝန်ကြီး မစ္စ နာမားလား ဆီသာရာမန် ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ(၁၂)နာရီခွဲက နိုင်ငံတော် သမ္မတ အိမ်တော်
သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းနှင့်
နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေး၊ အိန္ဒိယအရှေ့ဘက် ပင်လယ်ကမ်းရိုးတန်း
ဆိပ်ကမ်းမြို့ကြီးများနှင့် မြန်မာနိုင်ငံ ဆိပ်ကမ်းမြို့ကြီးများ အကြား ပင်လယ် ရေကြောင်းသွားလာမှုနှင့်
ကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်သူ အချင်းချင်း ဆက်သွယ် သွားလာနိုင်ရေးတို့အတွက် အင်ဖာ-မန္တလေးဘတ်စ်ကား
လိုင်းကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှု
စခန်းများ စနစ်တကျ ထူထောင်နိုင်ရေး၊ ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုပမာဏကို ယခုထက်ပိုမို
တိုးတက်လာရေး အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဦးမျိုးအောင်နှင့် ဒေါက်တာ ပွင့်ဆန်းတို့
တက်ရောက်ကြပြီး ဧည့်သည်တော်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ
ဂတူတန် မူခိုပါဒါရာ လည်း တက်ရောက်ခဲ့သည်။
No comments:
Post a Comment