Friday, February 6, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ဒုတိယအသုတ် လူတွေ့ဖြေဆိုမည့်သူ အမည်စာရင်း ထုတ်ပြန်

ရန်ကုန် ဖေဖော်ဝါရီ ၅
နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် ပထမအသုတ် လူတွေ့ဖြေဆိုမည့်သူ ၁၄၂ ဦးကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာတက္ကသိုလ်အသီးသီး၌ စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ပါသည်။

ဒုတိယအသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ်ခံရသူ ၁၇၂ ဦး၏ အမည် စာရင်းကို ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.myanmar-education.edu.mm တွင် ဖေဖော်ဝါရီ ၅ ရက်နေ့၌ ထုတ်ပြန်ထားသည်။ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ MRTV-4၊ မြဝတီနှင့် Sky Net တို့တွင်လည်း ဖော်ပြမည် ဖြစ်ပါသည်။
ဒုတိယအသုတ် လူတွေ့ ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများသည် ကိုယ်ရေးမှတ်တမ်းပုံစံများ ကို ပညာရေးဝန်ကြီးဌာန Website တွင်ရယူလျက် နောက်ဆုံးအခြေအနေကို ဖော်ပြသော Updated အချက်အလက်များကို ဖြည့်စွက်ကာ scholarmm2015@gmail.com သို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ အရောက် pdf.format ဖြင့် အီးမေးလ်ပေးပို့ရပါမည်။ လူတွေ့ဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ နေရာအသေးစိတ်၊ လူတွေ့ ဖြေဆိုရန် လာရောက်ချိန်တွင် မိမိနှင့် တစ်ပါတည်း ယူဆောင်လာရမည့် စာရွက်စာတမ်း မူရင်းများနှင့် ကြေညာ ချက်များကို အဆိုပါ Website တွင် ဖော်ပြမည်ဖြစ်ပြီး တစ်ဦးချင်း ထံသို့ အီးမေးလ်ဖြင့်လည်း အကြောင်းကြား မည်ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လျှောက်ထားသူ ၈ဝဝ ခန့်အထိ လူတွေ့စစ်ဆေး စေလွှတ် သွားမည်ဖြစ်ပြီး ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ တရုတ်နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံ များနှင့် ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment