Friday, February 27, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဩစတြေးလျ နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်း ၆၀ ကျော်ကောင်းမွန် သော သံတမန်ဆက်ဆံရေး ရှိခဲ့သည့် နိုင်ငံဖြစ်၍ မြန် မာနိုင်ငံ၊ မြန်မာတပ်မတော်အနေဖြင့် အလေးထား ပါကြောင်း၊ ဩစတြေးလျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်သာမက နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ရန်အခွင့် အရေးများလည်း ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Mr.  Nicholas  Coppel အား  လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျနိုင်ငံ သံအမတ်ကြီး  H.E.Mr.  Nicholas  Coppelနှင့် စစ်သံမှူး Captain Jonathan Dudleyတို့တက်ရောက်ကြသည်။
ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည် နွေးထွေးသည့် ဆက်ဆံ ရေးရှိသည်သာမက နှစ်နိုင်ငံ လုံးမှာ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်လိုကြပါ ကြောင်း၊ မြန်မာ့တပ်မတော်နှင့်ဆက်ဆံရေး တိုးမြှင့်ရန်လည်း စိတ်အားထက်သန် လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအား အပြည့်အဝထောက်ခံပါကြောင်း၊ ကိုးကန့် ဒေသတွင် နိုင်ငံတော်အတွက် အသက်စွန့်သွားရသော တပ်မတော်သားများအတွက် လည်း ဝမ်းနည်းပါကြောင်း ၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များ အောင်မြင်ပြီး တစ်နိုင်ငံလုံး တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သားများ နိုင်ငံတော် ကာကွယ်ရေးတွင် လိုအပ်လျင် အသက်စွန့် လွှတ်ရပါကြောင်း၊ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်စေရန် ကာကွယ်ခြင်းဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ဟု ခံယူထားပါကြောင်း ၊ ကိုးကန့်သောင်းကျန်းသူများက ၎င်းတို့သည် အစိုးရကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တပ်မတော်ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေ သော်လည်း ကိုးကန့်ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သဖြစ်၍ နိုင်ငံတော်အစိုးရ၏ တစ်စိတ်တစ်ဒေသ ပင်ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် အစိုးရရုံးဌာန အဆောက် အဦ၊ လူပုဂ္ဂိုလ်၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်းဖြစ်၍ တပ်မတော်အနေဖြင့် မဖြစ် မနေ ကာကွယ်ရမှာဖြစ်ကြောင်း ၊ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုအမြန်ဆုံးရရှိနိုင်မည့် လမ်းကြောင်းမှာ စစ်အုပ်ချုပ်ရေးသာဖြစ်၍ ရွေးချယ်ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီလုပ်ဆောင်လိုမှုများကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
           

No comments:

Post a Comment