ချမ်းသာ
(မိတ္ထီလာ)
နိုင်ငံတော် တည်ဆောက်ရေး
လုပ်ငန်းများတွင်ပါဝင်သည့် လမ်းတံတား၊ အဆောက်အအုံများ စသည့် စီမံ ကိန်းများနှင့်
ပြည်တွင်းပုဂ္ဂလိက တည်ဆောက်ရေးလုပ်ငန်း များတွင် အဓိကလိုအပ်ချက် ဖြစ်သည့်
သံမဏိများကို တစ်နှစ်လျှင် တန်ချိန် နှစ်သန်းအထိ ပြည်ပနိုင်ငံများမှ
ဝယ်ယူတင်သွင်းနေရသည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းများတွင် မရှိမဖြစ်
အသုံးပြုရမည့် သံမဏိကို ပြည်တွင်း၌ပင် ထုတ်လုပ်သုံးစွဲနိုင်ခြင်း ဖြင့်
သွင်းကုန်အစားထိုးဆောင်ရွက်နိုင်ပြီး နိုင်ငံခြားငွေ သက်သာခြင်း၊
နည်းပညာများရရှိနိုင်ခြင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်းများ
ဖန်တီးပေးနိုင်ခြင်းနှင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ခြင်း
စသည့်အကျိုးကျေးဇူးများရရှိ ရန်ရည်ရွယ်ချက်ဖြင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)
အကြီးစားစက်မှု လုပ်ငန်း၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)ကို အီတလီနိုင်ငံ Danieli
and C.Sp.A ကုမ္ပဏီ တို့နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ ၂ဝဝ၎
ခုနှစ်တွင် စာချုပ်ချုပ်ဆို၍ ၂ဝ၁ဝ ပြည့်နှစ်တွင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
အမှတ်(၁)သံမဏိစက်ရုံတွင်
ခေတ်မီသံမဏိချက် စက်ကြီးများဖြင့် စက်ကိရိယာပစ္စည်းများနှင့် စီမံကိန်း လုပ်ငန်း ၁၆
ခုကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စက်ရုံမှသံမဏိလေးထောင့်တုံးများ
(Steel Billet) နှင့် သံမဏိပြား ( Slab) များကို ထုတ်လုပ်လျက်ရှိပြီး
ထုတ်လုပ်မှုစက်စွမ်းအားအရ တစ်နေ့လျှင် တန်ချိန် ၆ဝဝ ကျော်နှင့် တစ်လလျှင် တန်ချိန်
၁၆၆ဝဝ၊ တစ်နှစ်လျှင် တန်ချိန် ၂ဝဝဝဝဝ ထုတ်လုပ်နိုင်သည်။ ထုတ်လုပ်ပြီး Steel Billet
နှင့် Slab များကို အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက
တည်ဆောက်ရေးလုပ်ငန်းများအတွက် ရောင်းချ ဖြန့်ဖြူးပေးလျက်ရှိသည်။
အမှတ် (၁)သံမဏိစက်ရုံ (မြင်းခြံ)တွင်
လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို သပြေဝပင်မဓာတ်အားခွဲရုံမှ အလျား မိုင် ၇ဝ
ခန့်ရှိသည့် ၂၃ဝ ကေဗွီ ဓာတ်အားလိုင်းဖြင့် သွယ်တန်းရယူပြီး ၂၃ဝ/၃၃/၁၁ ကေဗွီ (၈၅
အမ်ဗွီအေ) ထရန်စဖော်မာဖြင့် ရယူသုံးစွဲလျက် ရှိသည်။ စက်ရုံနေ့စဉ် လိုအပ်သည့် သဘာဝ ဓာတ်ငွေ့ပမာဏ
ကုဗပေ ၂ ဒသမ ၅ သန်း၊ ဖိအား 6 to 9 bar ကို စက်ရုံအနီးမှ ဖြတ်သန်းသွား သော
မကွေး-ကျောက်ဆည် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ရယူသုံးစွဲလျက် ရှိသည်။ စက်ရုံ၏
စက်မှုလုပ်ငန်းသုံးရေ အတွက် နေ့စဉ်ဂါလန် ၂ဝဝဝဝခန့်လိုအပ်ချက်ကို လေးလက်မ
စက်ရေတွင်းတစ်တွင်း၊ ၁ဝ လက်မစက်ရေတွင်း လေးတွင်း စုစုပေါင်းစက်ရေတွင်း ငါးတွင်းမှ
တစ်နာရီ ဂါလန် ၆၄ဝဝဝ ထွက်ရှိ ရယူသုံးစွဲနေသည်။
အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)က Steel
Billet နှင့် Slab များ ထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်း Cold DRI များနှင့် Steel
Slab များ ထုတ်လုပ်နိုင်ရန်အတွက် တိုးချဲ့စီမံကိန်းဒုတိယအဆင့်နှင့်
အမိုးပြားများထုတ်လုပ် နိုင်ရန်တိုးချဲ့စီမံကိန်း ထပ်တိုးဒုတိယအဆင့်ကို အိန္ဒိယ
နိုင်ငံ Danieli Indiaကုမ္ပဏီ၊ သံချောင်းများ၊ သံမဏိ သံပေါင်များ၊
မီးရထားသံလမ်းများ၊ ဖိအားမြင့်ပိုက်များ ထုတ်လုပ်နိုင်ရန် တိုးချဲ့စီမံကိန်း
တတိယအဆင့်ကို တရုတ် နိုင်ငံ Danieli Changsu. Metallurgical Equi-pment and
Services ကုမ္ပဏီတို့နှင့် အသီးသီးစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်
လျက်ရှိသည်။
၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်
အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)က စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းမှ
လွှဲပြောင်းရယူ ဆက်လက်လုပ်ကိုင် ခဲ့သည်။ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)
တိုးချဲ့စီမံကိန်း လုပ်ငန်းများအတွက် စက်ရုံများ တည်ဆောက်ရန် တည်ဆောက်ရေး ပစ္စည်းများ၏
၉၆ ရာခိုင်နှုန်းမှာ ရောက်ရှိပြီးဖြစ်ကာ စတင် တည်ဆောက်လျက် ရှိသည်။ Steel Mill
Complex အသွင် တည်ဆောက်လျက်ရှိသည့် ယင်းတိုးချဲ့စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက
အဓိက ကုန်ကြမ်းများ ဖြစ်သည့် Steel Billet နှင့် Steel Slab များသာမက Down-stream
Product များဖြစ်သော အမိုးပြားများ၊ သံချောင်း လုံးများ၊ သံမဏိသံပေါင်များ၊
ပိုက်များ၊ မီးရထားသံလမ်း ပေါင်များကို တစ်နေရာတည်းတွင်ပင် ထုတ်လုပ်ရရှိနိုင်
မည်ဖြစ်သည်။ ယင်းတိုးချဲ့ စီမံကိန်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုမရှိစေရေးအတွက် Steel Marking Plant ထွက်ရှိလာမည့်
ကာဗွန်ဒိုက်အောက်ဆိုက်၊ ကာဗွန်မိုနိုဆိုက်ဓာတ်ငွေ့များနှင့် အမှုန်အမွှားများ လေထု
အတွင်း မရောက်ရှိစေရေးအတွက် Fume Treatment Plant တစ်ခုကို တည်ဆောက်ထားရှိသည်။
စက်ရုံတွင် အသုံးပြုလျက် ရှိသည့်ရေများကိုလည်း Cooling System အတွက်သာ
အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်သို့ စွန့်ထုတ် ခြင်းမရှိဘဲ Water Treatment Plant
ဖြင့် Recirculation ပြုလုပ် အသုံးပြုလျက်ရှိသည်။ Direct Reduction Plant မှ
ထွက်ရှိလာမည့် CO2 ဓာတ်ငွေ့နှင့် အခြားဓာတ်ငွေ့များ လေထုအတွင်း မရောက်ရှိစေရေး အတွက်
CO2 Absorber Unit နှင့် Treatment Unit များ ထည့်သွင်း တည်ဆောက် ထားသည်။ Hot and
Strip Complex တွင် အသုံးပြုမည့် Acid များကိုလည်း ပတ်ဝန်းကျင်တွင်
စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုနိုင်ရန် Acid Regeneration Plant များကို
ထည့်သွင်း တည်ဆောက်ထားသည်။ ယင်းကြောင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၏
တိုးချဲ့တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများသည် ထုထည်ကြီးမား၍ သံမဏိ ထုတ်ကုန်ပစ္စည်း
အမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်သော်လည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး
အတွက် အဘက်ဘက်မှ စီမံ ဆောင်ရွက်ထားကြောင်း သိရသည်။
အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)တွင်
ယခုအခါ ဒေသခံ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားလျက်ရှိရာ
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ဝဲလောင်ဒေသများမှ
ဝန်ထမ်း ၆ဝ၂ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ မိတ္ထီလာ၊ ညောင်ဦး၊
ဝမ်းတွင်းဒေသများမှ ဝန်ထမ်း၁၇၈ ဦးနှင့် အခြားဒေသများမှ ဝန်ထမ်း ၁ဝ၉ ဦး
စုစုပေါင်း ဝန်ထမ်း ၈၉ဝ ကို နည်းပညာဘွဲ့များ၊ အခြားသက်ဆိုင်ရာဘွဲ့များဖြင့်
ခန့်ထားပေးပြီး ဖြစ်သည်။ တိုးချဲ့စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက ဝန်ထမ်း ၂၃၁၆
ဦးအထိ ရှိလာမည်ဖြစ်ရာ ယခုထက်ပိုမို၍ အလုပ်အကိုင်၊ အခွင့်အလမ်းများ
ဖန်တီးပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ
သံမဏိတင်သွင်းမှု မှာ စီမံကိန်းလုပ်ငန်းများအပါအဝင် တစ်နှစ်လျှင် သံမဏိ
တန်ချိန်နှစ်သန်း ရှိသည်။ နိုင်ငံတကာသံသုံးစွဲမှုစံနှုန်းများ အရ ဖွံ့ဖြိုး တိုးတက်သော
နိုင်ငံများ၌ လူတစ်ဦးလျှင် တစ်နှစ်အတွက် အနည်းဆုံး သံမဏိ ၁ဝဝ ကီလိုဂရမ်နှင့်အထက်
အသုံးပြုလျက် ရှိသည်။ အနာဂတ်တွင် ဖွံ့ဖြိုး တိုးတက်လာမည့် မြန်မာနိုင်ငံတွင်
လူဦးရေ ၅၂ သန်းအတွက် တစ်နှစ်လျှင် သံမဏိတန်ချိန် ၅ ဒသမ ၂ သန်းခန့် လိုအပ်မည်ဖြစ်သည်။
အမှတ်(၁) သံမဏိစက်ရုံ မြင်းခြံမှ ထုတ်လုပ်သော သံမဏိများသည် အရည်အသွေး
ကောင်းမွန်ပြီး နိုင်ငံတကာ ဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း
နိုင်ငံခြား ပညာရှင်များကပင် လက်ခံထားပြီး ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအတွင်း
လူငယ်လူရွယ်များ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင် ပြီး
လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာရုံမျှသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများတွင် များစွာ အကျိုးပြုမည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)၏
တိုးချဲ့စီမံကိန်း လုပ်ငန်းများကို အမြန်ဆုံးအကောင် အထည်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း
တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment