Friday, February 27, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ





ဗန်ကောက်  ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ယနေ့ နံနက်ပိုင်း ဒေသစံတော် ချိန် ၉နာရီ မိနစ် ၂၀တွင် Samut Sakom ခရိုင်ရှိ ခရိုင် ကျန်းမာရေး မြှင့်တင်မှုဆေးရုံသို့ ရောက်ရှိကြရာ Samut Sakom ခရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမ၌ Registered Nurse, Profession al Level Ms. NAHATHAI CHULKARAT က ခရိုင်ကျန်းမာရေးမြှင့်တင်မှုဆေးရုံ ဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ကျန်းမာရေးစီမံ ခန့်ခွဲမှု၊ အများပြည်သူနှင့် သက်ဆိုင်သည့်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် အဆိုပါဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက် ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထောက်ပံ့ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် Queen Sirikit Health Center (ခရိုင်ခွဲဆေးရုံ)သို့ရောက်ရှိရာ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ခရိုင်ခွဲဆေးရုံ ဆိုင်ရာအချက်အလက်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ဆေးဝါးကုသ ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ခရိုင်ခွဲဆေးရုံအတွင်း ရောဂါအမျိုး အစားအလိုက် ဆေးဝါးကု သပေး နေမှုအခြေအနေ များကိုလှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် အစည်းအဝေးခန်း၌ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ဒေသခံ ပြည်သူများနှင့် ရွှေ့ပြောင်းအလုပ် သမားများအား ဆေး ၀ါးကုသပေးနေမှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာများ ဆောင်ရွက်ပေးနေမှုနှင့် Health Volunteers များ အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် Samut Sakom ခရိုင် ပြည်နယ် အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ရောက်ရှိပြီး အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Gen. Tanasak Patimpragorn နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်နှင့်အတူ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံ နယ်စပ်ဒေသများတွင်သာမက ဗဟိုအဆင့်အထိ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးအတွက် ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး ကာကွယ်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် Wat Prayun Wongsawat ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်း ထိုင်ဆရာတော်အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး H.E.Gen. Tanasak Patimpragorn က  Kempinski Hotel ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment