နေပြည်တော် ဇန်နဝါရီ
၂၀
ကာကွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ
အမေရိကန် ကြည်းတပ် စစ်သံမှူး Colonel William C.Dickey နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီ
၁၅ မိနစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
ပြည်ထောင်စုဝန်ကြီးက ၂၀၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် မြန်မာအစိုးရနှင့် UNCTFMR တို့သည်
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး လုပ်ငန်းစီမံချက်ကို
လက်မှတ် ရေးထိုးခဲ့ပြီးနောက် တပ်မတော်အတွင်းသို့ အသက် မပြည့်သေးသူ ကလေးစစ်မှုထမ်းအဖြစ်
ဝင်ရောက်ခြင်းမရှိစေရေး တားမြစ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် တပ်မတော်အတွင်းသို့
အသက်မပြည့်ဘဲ ဝင်ရောက်ခဲ့သည့် စစ်မှုထမ်းများကို မိဘအုပ်ထိန်းသူများထံ စိစစ်၍ ပြန်လည်စေလွှတ်ပေးလျက်ရှိမှု
အခြေအနေများ၊ အသက်မပြည့် သေးသူ များကို စစ်မှုထမ်းအဖြစ် စုဆောင်းခဲ့သူ စစ်မှုထမ်းများအား
အရေးယူ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့်
ကော်မတီအား ပိုမိုအားကောင်းစေရေး တိုးချဲ့ဖွဲ့စည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို
ဆွေးနွေး ပြောကြားခဲ့ပြီး သိရှိလိုသည့် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေး
ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံနိုင်ရေး စီစဉ်ပေးထား
ပါကြောင်းဖြင့် ပြောကြားသည်။
အမေရိကန်စစ်သံမှူးက
ပြောကြားရာတွင် မြန်မာအစိုးရနှင့် တပ်မတော်တို့၏ အရွယ်မရောက်သေးသူ ကလေး စစ်သည် ပပျောက်ရေး
ဆောင်ရွက်မှု အခြေအနေများကို အသိအမှတ်ပြု ပါကြောင်း၊ မိမိအနေဖြင့်လည်း ရရှိသည့် သတင်း
အချက်အလက်များကို အမေရိကန်နိုင်ငံသို့ ပြန်လည် ပေးပို့ပေးမည် ဖြစ်ပါကြောင်း၊ ကော်မတီ၏
ဆောင်ရွက်မှု အချက်အလက် အားလုံးကို ပြည့်ပြည့်စုံစုံ သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံအား
ကလေးစစ်သည် အသုံးပြုမှုစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးနိုင်ရန် ဖြစ်ပါကြောင်း
ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး (၀၉ ၄၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment