Wednesday, January 28, 2015

ၾသစေၾတးလ်- မြန်မာ နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ် ပြန်လည်ချုပ်ဆို

ရန်ကုန် ဇန်နဝါရီ ၂၇
၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် သြစတြေးလျ- မြန်မာ နှစ်နိုင်ငံလေကြောင်း သဘောတူစာချုပ်ကို ခေတ်နှင့်အညီ အသစ်ပြန်လည်ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်မူကြမ်းတစ်ရပ်ကို ယခုလဆန်းပိုင်းက ရေးဆွဲခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

''စာချုပ်က နောက်ဆုံးမူကြမ်း သဘောတူတဲ့အဆင့်ကို ရောက်နေ ပါပြီ။စာချုပ်ပေါ်မှာမူတည်ပြီး နှစ်ဖက် လေကြောင်းလိုင်းတွေရဲ့ ပျံသန်းခွင့် ကိုလည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။စာချုပ်ကို နှစ်ဖက်အစိုးရ တွေဆီမှာ လက်မှတ်ရေးထိုးခွင့် တောင်းကြမယ်။ လက်မှတ်ရေးထိုး ခွင့်ရရင် ၂ဝ၁၅ ခုနှစ်အတွင်း အတည်ပြုကြမယ့် အနေအထား ဖြစ်ပါတယ်''ဟု လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။
လေကြောင်းလိုင်းများတွင် ပုံမှန် ခရီးစဉ်များ ပျံသန်းခွင့်ပြုရန် လေကြောင်းသဘောတူစာချုပ်သည် မရှိမဖြစ်လိုအပ်ပြီး အစိုးရများအကြား ချုပ်ဆိုသည့် သဘောတူစာချုပ်ဖြစ် သည်။ နှစ်နိုင်ငံအစိုးရများအကြား ချုပ်ဆိုသည့် နှစ်နိုင်ငံလေကြောင်း သဘောတူစာချုပ်နှင့် ဒေသအလိုက် နိုင်ငံအစုအဖွဲ့များအကြား ချုပ်ဆို သည့် နိုင်ငံစုလေကြောင်းသဘောတူ စာချုပ်ဟူ၍ လေကြောင်းသဘောတူ စာချုပ်နှစ်မျိုးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နှစ်နိုင်ငံလေကြောင်း သဘောတူစာချုပ်များကို အမေရိကန်၊ ဆွစ်ဇာလန်၊ နယ်သာ လန်၊ အီဂျစ်၊ ပြင်သစ် စသည့် နိုင်ငံ များအပါအဝင် (၄၇) နိုင်ငံနှင့် ချုပ်ဆို ထားပြီး အသစ်ချုပ်ဆိုခြင်း၊ လိုအပ် သောအပိုင်းများ ပြန်လည်ပြင်ဆင် ခြင်းများကို နိုင်ငံအများစုနှင့် ဆောင် ရွက်ပြီးဖြစ်သည်။ ပြီးခဲ့သည့် နှစ်က လည်း ပြင်သစ်၊ ဖိလစ်ပိုင်၊ နယ်သာ လန်၊ တူရကီတို့နှင့် လေကြောင်း သဘောတူစာချုပ်အသစ် မူကြမ်း များ ရေးဆွဲနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံအဖြစ် အာဆီယံဒေသတွင်း နိုင်ငံများအကြား ချုပ်ဆိုထားသည့် နိုင်ငံစု သဘောတူစာချုပ်တွင်လည်း ပါဝင်လက်မှတ် ရေးထိုးထားကြောင်း သိရသည်။
ယခင်က လေကြောင်းသဘောတူ စာချုပ်များချုပ်ဆိုရာတွင် ပုံမှန်ခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်းများ နှင့် သက်ဆိုင်သည့်အချက်များကိုသာ စာချုပ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး အခါအားလျော်စွာ ပျံသန်းသည့် စင်းလုံးငှား လေယာဉ်ခရီးစဉ်နှင့် သက်ဆိုင်သည်များကို သီးခြားမှတ် တမ်းဖြင့်သာ သဘောတူညီသတ်မှတ် ခဲ့သည်။ ယခု သြစတြေးလျနှင့် ချုပ်ဆိုမည့် စာချုပ်တွင် စင်းလုံးငှား လေယာဉ်များကိုပါ စာချုပ်ပါအခွင့် အရေးများ ခံစားခွင့်ရှိစေမည့် အချက် များ ထည့်သွင်းရေးဆွဲခဲ့သည်။ လေ ကြောင်းလိုင်းပျံသန်းခွင့်အပိုင်းတွင် လည်း နှစ်နိုင်ငံအကြား လေကြောင်း လိုင်းများ၏ ခရီးသည်နှင့် ကုန်စည် တင်ဆောင်ခွင့်များအပေါ် ကန့်သတ် ချက်မရှိဘဲ ခွင့်ပြုသည့်အချက်များကို ထည့်သွင်းရေးဆွဲခဲ့သည်။
ထို့ပြင် လက်ရှိ သြစတြေးလျ-မြန်မာနှစ်နိုင်ငံအကြားတွင် တိုက်ရိုက် ခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲနိုင် လောက်သည့် ခရီးသွားပမာဏ ပြည့်မီမှု မရှိသေးသော်လည်း မြန်မာ နိုင်ငံသို့ လာရောက်လိုသည့် ခရီးသွား များ အဆင်ပြေစေရန်အတွက် လေကြောင်းလိုင်း အမှတ်တံဆိပ် ပူးတွဲပျံသန်းမှုကို ခွင့်ပြုသည့်အချက် များ အဆိုပါစာချုပ်တွင် ပါရှိကြောင်း သိရသည်။
''လေကြောင်းလိုင်းတွေ အနေနဲ့ ခရီးသည်ဦးရေပြည့်မှသာ တိုက်ရိုက် ခရီးစဉ်များ ပျံသန်းနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ခရီး သွားတွေအဆင်ပြေအောင် ဒီလို ပျံသန်းမှုအစီအစဉ်မျိုးကိုလည်း ခွင့် ပြုပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်အတည်ပြုမှုကို စောင့်ဆိုင်းစဉ် ကာလအတွင်းမှာ စာချုပ်ပါ အခွင့် အရေးများကို နှစ်ဖက်လေကြောင်း လိုင်းများအား ယာယီခံစားခွင့်ပြုဖို့ ကိုလည်း သဘောတူထားပြီး ဖြစ်ပါ တယ်။ လုပ်ထုံးလုပ်နည်းတွေ ပြီးစီးဖို့ အထိ စောင့်ဆိုင်းနေရင် လေကြောင်း လိုင်းတွေအနေနဲ့ ဈေးကွက်လိုအပ် ချက်တွေကို ဖြည့်ဆည်းဖို့ နောက်ကျ နိုင်တယ်''ဟု လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
''ဘေးကင်းစံနှုန်းအနေနဲ့ မြန်မာ နိုင်ငံက အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် ဘေးကင်းမှုစံနှုန်း ရှိ မရှိ ဆိုတာကို ၂ဝ၁ဝ ပြည့်နှစ်မှာ စစ်ဆေးခံခဲ့ပြီးပါပြီ၊ မြန်မာနိုင်ငံက ချွတ်ယွင်းချက် အနည်းငယ်ရှိပေမယ့် ဆိုးရွားတဲ့အခြေအနေ (Significant Safety Concern)ရှိတဲ့နိုင်ငံစာရင်း မှာမပါဘူး။ ဘေးအန္တရာယ်မရှိနိုင် ဘူးဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်''ဟု ¤င်းကပြောသည်။

နိုင်ငံတကာ လေကြောင်းပို့ ဆောင်ရေးဈေးကွက်တွင် မြန်မာ နိုင်ငံလေကြောင်းလိုင်းများ၊ အခြား နိုင်ငံတကာ လေကြောင်း လိုင်းကြီးများနှင့် ရင်ပေါင်တန်း ပါဝင်နိုင်ရေး အတွက်ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ၊ ဈေးကွက် ဝင်ရောက်မှုနှင့် ယှဉ်ပြိင်မှု မဟာဗျူဟာတို့သည် အခြေခံကျ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသ တွင်း လေကြောင်း ပို့ဆောင်ရေး အချက်အချာ နေရာဖြစ်လာရန် အလားအလာကောင်းများ ပိုင်ဆိုင် လျက်ရှိကြောင်း ၎င်းကဆက်လက် သုံးသပ်သည်။

No comments:

Post a Comment