၁။ ဒုတိယအကြိမ် မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ
ဆွေးနွေးပွဲကို နေပြည်တော်တွင် ဇန်နဝါရီလ (၁၄) ရက်နှင့် (၁၅) ရက်များတွင် ကျင်းပခဲ့ပြီး
လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်တွင် နှစ်နိုင်ငံ၏ အကောင်း ဆုံးသော အလေ့အထများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ထို့အပြင် လူ့အခွင့်အရေး တိုးတက်မြှင့်တင် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ၏ ဆက်လက် ကြိုးပမ်း
အားထုတ်မှုများ အပေါ်တွင်လည်း ဆွေးနွေးခဲ့ကြပါသည်။
၂။ နှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် လူ့အခွင့်အရေးနှင့်ပတ်သက်သည့်
လက်ရှိ စိန်ခေါ်မှု များအပေါ် တိုးတက်အောင် ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။
အမေရိကန် အစိုးရသည် မြန်မာအစိုးရ၏ လက်ရှိကာလအထိ အပြုသဘော ကြိုးပမ်းဆောင်ရွက် မှုများကို
အသိအမှတ်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ တိုးတက်မှု ရှိရေးနှင့်
လူ့အခွင့်အရေးပိုမို မြှင့်တင် ကာကွယ် နိုင်ရန် ဆောင်ရွက်ချက်များတွင် အမေရိကန်နိုင်ငံ
အနေဖြင့် ဆက်လက်ကူညီနိုင်ရေးတို့ကိုလည်း ဆွေးနွေး ခဲ့ကြပါသည်။
၃။ နိုင်ငံရေးအကျဉ်းသားကိစ္စရပ်များကို နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှတစ်ဆင့်
သုံးသပ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာဘက်မှ ကတိပြုခဲ့သည်။ ယင်း
ကိစ္စရပ်များကို ပြန်လည် သုံးသပ်ရာတွင် အခြေခံတစ်ရပ်အဖြစ် အသုံးပြုနိုင်ရန် ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံရသူနှင့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်တို့နှင့်
စပ်လျဉ်းပြီး သဘောတူညီချက်တစ်ရပ် ရရှိရန်လိုအပ်ကြောင်း အမေရိကန် ဘက်မှ ဖော်ပြခဲ့သည်။
လူ့အခွင့် အရေး မြှင့်တင်ကာကွယ်ရေးတွင် ကုလသမဂ္ဂ
လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အပြု သဘောဆောင်သော အခန်းကဏ္ဍကို နှစ်နိုင်ငံစလုံးမှ
အသိ အမှတ်ပြုခဲ့ကြပါသည်။ လူ့အခွင့် အရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီးရုံးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိခြင်း ကိုလည်းကောင်း၊
မြန်မာနိုင်ငံ၌ ရုံးတစ်ရုံး ဖွင့်လှစ် နိုင်ရန် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် သဘောတူညီချက်တစ်ရပ်ကို
ရရှိရေးအတွက် ဆက်လက် ညှိနှိုင်းသွားရန် ကိစ္စအား ကြိုဆိုခဲ့ပါသည်။ ဖော်ပြပါ ရုံးတစ်ရုံး
အမြန်ဆုံး ဖွင့်လှစ်သွားနိုင်ရေး အတွက်လည်း အမေရိကန်က တိုက်တွန်းအားပေးခဲ့ပါသည်။
၎။ အမျိုးသားမြေသုံးချမှုမူဝါဒအပေါ် ပြည်သူများ
ပါဝင်ဆွေးနွေးရေးနှင့် အကြံပြုချက်များ လက်ခံရရှိရန် အချိန်ပေးခဲ့ခြင်းစသည့် မြန်မာအစိုးရ၏
ကြိုးပမ်းမှုများကို အမေရိကန်မှ အသိအမှတ်ပြုခဲ့ပါသည်။ နောက်ဆုံးပေါ်ထွက်လာမည့်မူဝါဒ၊
အမျိုးသားမြေယာဥပဒေတို့နှင့် စပ်လျဉ်းပြီး ဖြစ်ပေါ် တိုးတက်မှုများကို အသိပေးနိုင်ရန်
သက်ဆိုင်သူ အားလုံးပါဝင်သည့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန်လိုကြောင်း နှစ်ဖက်စလုံးမှ
ဆွေးနွေးခဲ့ကြပါသည်။ မြေယာငယ် ပိုင်ဆိုင်သည့် လယ်သမားများအတွက် ပိုင်ဆိုင်မှု လုံခြုံရေး၊
ထုံးတမ်းအစဉ်အလာအရ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုရေးနှင့် မြေယာများ အသုံးပြုခွင့်
ပိုမိုရရှိရေးတို့ ပါဝင်သည့် ဥပဒေမူဘောင် တစ်ရပ်နှင့် မူဝါဒတစ်ရပ်တို့ကို ဖော်ထုတ်ရေးနှင့်
ရှင်းလင်းဆွေးနွေးနိုင်ရေးတို့တွင် ကူညီသွားရန် အသင့်ရှိကြောင်း အမေရိကန်ဘက်မှ ပြောကြားခဲ့သည်။
၅။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကြေညာခဲ့သည့် အခြေခံအခွင့်အရေးနှင့်
အလေ့အကျင့်များ မြှင့်တင်ရေး ဦးဆောင် ဦးရွက်မှု အစီအစဉ်အောက်၌ နှစ်နိုင်ငံအကြား ထိတွေ့မှုများ
ပိုမိုတိုးမြှင့် သည့်အနေဖြင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ
ဆက်လက်ပြုလုပ်သွားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ အခြားသောအစိုးရများ နှင့်လည်း
ထိတွေ့သွားရေးတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
၆။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို လိုအပ်သကဲ့သို့
ပြန်လည်သုံးသပ်ရေးနှင့် ပြင်ဆင်ရေးတို့အတွက် ပြည်ထောင်စုလွှတ်တော်နှင့်အတူ ဆောင်ရွက်ရန်
ကြိုးပမ်းမှုများကို အမေရိကန်ဘက်မှ အသိအမှတ်ပြုသည်။ ဤသို့ပြင်ဆင်မှုများသည် အမျိုးသားအကျိုးစီးပွား
နှင့်လည်းကောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များနှင့်လည်းကောင်း ကိုက်ညီသင့်ကြောင်း၊
မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးမတူညီမှုတို့ရှိသည်ကို လက်ခံရေး၊ လူမျိုးစုများအကြားနှင့်
ဘာသာများအကြား သဟဇာတဖြစ်မှုနှင့် နားလည်မှုတို့ တိုးမြှင့်ရေးတို့သည် အရေးကြီးကြောင်း
နှစ်ဖက်စလုံးမှ သဘောတူကြသည်။
၇။ အကြမ်းဖက်မှု အလားအလာများကို ကြိုတင်တွက်ဆနိုင်ရေးနှင့်
သက်သာလျော့ပါးစေရေး တို့အတွက် ကြိုတင်သတိပေးမှုနှင့် တုံ့ပြန်နိုင်မှုဆိုင်ရာ စွမ်းဆောင်ရည်
မြှင့်တင်နိုင်ရေးအတွက် အကူအညီပေးရန် ဆန္ဒရှိကြောင်း အမေရိကန်အစိုးရဘက်မှ ဖော်ပြခဲ့သည်။
၈။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အခြေခံမူများနှင့်အညီ
မူရင်းနေထိုင်ရာ အရပ်မှ ပွောင်းရွှေ့ နေထိုင်ရသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အဖွဲ့အစည်း များအနေဖြင့် အခက်အခဲမရှိ သွားရောက်ဆောင်ရွက်ခွင့် ရှိသင့်ကြောင်း အမေရိကန်နှင့်
မြန်မာ အစိုးရတို့မှ သဘောတူခဲ့သည်။ ပြည့်စုံပြီး ပွင့်လင်းမြင်သာလျက် အားလုံးပါဝင်သည့်
ရခိုင် ပြည်နယ် သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်တစ်ရပ် လိုအပ်ကြောင်းနှင့် အကောင်အထည်ဖော်ရန်
အရေးကြီးကြောင်း နှစ်ဘက်သဘော တူခဲ့သည်။ ယင်းလုပ်ငန်းစဉ်သည် ထိခိုက်လွယ်သူ မည်သူမဆိုထံသို့
လူသားချင်းစာနာထောက်ထားမှု အကူ အညီများ အတားအဆီးမရှိ ရောက်ရှိရေး၊ လူ့အခွင့်အရေးကာကွယ်
စောင့်ရှောက်ရေး၊ မည်သူကိုမဆို ပြည်တွင်း ဥပဒေများ၊ နိုင်ငံတကာ စံနှုန်းများနှင့်
ကိုက်ညီဆီလျော်စွာ တန်းတူရည်တူ အကာအကွယ်ပေးရေး၊ စီးပွားရေးနှင့်လူမှုရေး ဖွှံ့ဖြိုးတိုးတက်ရေးတို့ကို
ဦးစားပေးရန်ဖြစ်သည်။
၉။ ၂၀၁၅ ခုနှစ်အတွင်း ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိကာ
အားလုံးပါဝင်နိုင်သည့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများကျင်းပသွားရန် မြန်မာနိုင်ငံ၏
ကတိကဝတ်ပြုမှုအပေါ် အမေရိကန်မှ ကြိုဆိုခဲ့သည်။ ရွေးကောက်ပွဲကျင်းပရေးအပေါ် အမေရိကန်၏ အကူအညီပေးခြင်း
ကို မြန်မာဘက်က ကြိုဆိုခဲ့သည်။
၁၀။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအား
လိုက်နာခြင်းသည် ပြည်သူများ၏ ယုံကြည်မှုကို ဆက်လက်ရရှိလျက် အင်အားတောင့်တင်းပြီး အရည်အချင်း
ပြည့်မီ သည့် တပ်မတော် တစ်ရပ်အတွက် အရေးပါကြောင်း နှစ်ဖက်ဆွေးနွေး သဘောတူခဲ့သည်။
၁၁။ ဂျီနီဗာကွန်ဗင်းရှင်းများအရ အရပ်ဘက်ပြည်သူများအား
အချိန်တိုင်း နေရာတိုင်းတွင် အကာ အကွယ်ပေးရန် ကတိကဝတ်ကို နှစ်ဖက်ထပ်လောင်း အတည်ပြုသည်။
လုံခြုံရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက်
ကူညီသွားရန် အတူ လုပ်ဆောင်နိုင်မည့် နည်းလမ်း များကို ဆွေးနွေးခဲ့သည်။
၁၂။ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ ပွင့်လင်းမြင်သာပြီး
အားလုံးပါဝင်သော ယုံကြည် ထိုက်သည့် ရွေးကောက်ပွဲများ၊ ဒီမိုကရေစီနည်းလမ်းကျအစိုးရ၊
ဥပဒေနှင့်အညီ အားလုံးအား တန်းတူရည်တူ အကာအကွယ်ပေးမှု၊ အားလုံးအား အွခေခံသည့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု စသည်တို့သည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောလျက် အင်အားတောင့်တင်းသည့်
နိုင်ငံများ အတွက် အခြေခံဖြစ်ကြောင်း သဘောတူကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤပူးတွဲထုတ်ပြန်ချက်ပါ
မျှော်မှန်းချက်များ အကောင် အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်သွားသည် နှင့်အညီ အမေရိကန်နိုင်ငံအနေဖြင့်လည်း
စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများအပေါ် ကျန်ရှိနေသေးသည့်
ကန့်သတ်မှု အားလုံးကို ချုပ်ငြိမ်းစေရေးအတွက် ဆောင်ရွက် သွားရမည် ဖြစ်သည်။
No comments:
Post a Comment