Wednesday, January 28, 2015

မိုးပွင့်(အထူး)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးမှုသတင်း

ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်မောင်နှင့် ဝန်ထမ်းများသည် လောင်းလုံးမြို့နယ်မှ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး လိုက်ပါ၍ Norwegian Refugee Council (NRC) အဖွဲ့နှင့်ပူးပေါင်းပြီး (၂၀-၁-၂၀၁၅) ရက်နေ့ (ဝ၉း၃၀)နာရီ မှ (၁၈း၃၀) နာရီ အထိ ကျောက်နီမော်ရွာ၊ အ.ထ.ကနှင့် သကျက်တောရွာ အထက(ခွဲ) ကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား မိုးပွင့်(အထူး)စီမံချက် ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အား နေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါ သည်။


ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်၊ ကျောက်နီမော်ရွာ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှိန်သန်း၊ သကျက်တောရွာ၊ အထက(ခွဲ)ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်ဝါ နှင့် NRC အဖွဲ့ကွင်းဆင်းတာဝန်ခံ ဦးစောမောရစ် တို့သည် ကျောက်နီမော်ရွာ အထကကျောင်းမှ (၄၃)ဦး၊ သကျက်တောရွာ အထက(ခွဲ) ကျောင်းမှ (၆၄)ဦး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၀၇)ဦး တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment