ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ဖြည့်စွတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ စီဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့်
ထန်တလန်မြို့နယ် နှာရိန်းကျေးရွာသို့ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင်လည်းကောင်း
၊ ဖာရွန်းကျေးရွာသို့ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင်လည်းကောင်း
ဟားခါးခရိုင်၊
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနန်ဒိုးဆူမ်းမန်နှင့်
ထန်တလန်မြို့နယ် ဦးစီးမှူး ဦးချန်ဟမ်းတို့သွားရောက်ကာ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး
အရင်းမပျောက်လည့်လည်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ သက်ဆိုင်ရာကျေးရွာ မြစိမ်းရောင် စီမံကိန်းကြီးကြပ်ရေး
ကော်မတီ(၇)ဦးနှင့် ဘဏ္ဍာ ထိန်းကော်မတီ(၃)ဦးကို တက်ရောက်လာကြသော ဒေသခံပြည်သူများက မဲစနစ်ဖြင့်
ရွေးချယ်စေခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမြစိမ်းရောင် စီမံကိန်းရန်ပုံငွေဖြင့်
သက်ဆိုင်ရာ ကျေးရွာဒေသခံ ပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို အဓိက ဖြည့်ဆည်းပေးမည့်
မွေးမြူရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ရာ ကျေးရွာနေပြည်သူများ၏ လူမှု
စီးပွားဘဝ ဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အကူ ပြုနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment