Tuesday, December 23, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန် မျက်စိ၊ သွားနှင့်ခံတွင်း၊ ထွေထွေရောဂါများ အခမဲ့ကုသမှု ကြည့်ရှုအားပေး




တောင်ကြီး ဒီဇင်ဘာ ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ် အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင် များသည် ဒီဇင်ဘာ ၂၁ ရက် နံနက် နာရီက လွိုင်လင်မြို့ ပြည်သူ့ ဆေးရုံတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မိသားစုနှင့် အလှူ ရှင်များ စုပေါင်းကျင်းပသော မျက်စိ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါ များ အခမဲ့ဆေးကုသမှု အခြေအနေ များကို ကြည့်ရှုအားပေးသည်။

လွိုင်လင်မြို့ ပြည်သူ့ဆေးရုံ တွင် မျက်စိရောဂါဝေဒနာရှင် ၄၈၇ ဦး၊ သွားနှင့်ခံတွင်း ၉၉ ဦး၊ အထွေထွေရောဂါ ၆၂၅ ဦး စုစုပေါင်း ၁၂၁၁ ဦးရှိပြီး ဒီဇင်ဘာ ၁၉ ရက်တွင် မျက်စိဝေဒနာရှင် ၁၈ ဦး၊ ၂ဝ ရက် တွင် ခုနစ်ဦးတို့ကို တောင်ကြီးမြို့သို့ ပို့ရန် စီစဉ်ပေးခဲ့ပြီး လဲချားမြို့တွင် မျက်စိဝေဒနာရှင် ၇၅၉ ဦး သွား နှင့်ခံတွင်း ၈ဝ အထွေထွေရောဂါ ဝေဒနာရှင် ၇၂၅ ဦး စုစုပေါင်း ၁၅၆၄ ဦးရှိသည့်အနက် မျက်စိ ဝေဒနာရှင် ၂၆ ဦးအား တောင်ကြီးမြို့ သို့ပို့ရန်နှင့် အထွေထွေရောဂါ ဝေဒနာရှင် ကိုးဦးတို့အား နေပြည် တော်သို့ပို့ရန် စီစဉ်ထားပြီးဖြစ် ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်နှင့် အဖွဲ့သည် လဲချား မြို့သို့ရောက်ရှိပြီး အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ၏ နှစ်(၅ဝ) ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားကို ဒေါက်တာ ဓမ္မသာမိနှင့် ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး မုခ်ဦးဆိုင်း ဘုတ်ကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန် ကစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်နှင့် အဖွဲ့သည် ဒေါက်တာဓမ္မသာ မိ၏ နှစ်(၅ဝ) ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ် ဆရာတော် သမိုင်းပြတိုက်ဖွင့်ပွဲသို့ တက်ရောက်၍ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်မိသားစုတို့က လှူဒါန်း သော လဲချားမြို့ ပြည်သူ့ဆေးရုံ သံဃာဆောင် အဆောက်အအုံသစ်ဖွင့်ပွဲသို့တက်ရောက်ရာ ဖွင့်ပွဲအခမ်း အနားတွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေ မှုန်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အလှူ ရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က သံဃာဆောင် ကမ္ပည်း ကျောက်စာ တိုင်အား ပရိတ်ရေ၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး သံဃာဆောင်သစ်အတွင်း လှည့်လည် ကြည့်ရှုသည်။
ဒီဇင်ဘာ ၂၁ ရက်နံနက် ၁ဝ နာရီက တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမိသားစုနှင့် အလှူရှင် များ စုပေါင်းကျင်းပသော မျက်စိ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါ များ အခမဲ့ဆေးကုသမှု အခြေအနေ များကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ခွဲစိတ်ပြီး မျက်စိ ဝေဒနာရှင် ၅ဝ တို့အား ဒေါက်တာ ဓမ္မသာမိ၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အလှူရှင် များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ တာဝန်ရှိသူတို့က ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များကို မျက်မှန် များ တပ်ဆင်လှူဒါန်းပေးကာ မန္တလေးသို့ပို့ဆောင်မည့် မျက်စိ ဝေဒနာရှင်နှင့် အထွေထွေရောဂါ ဝေဒနာရှင်များအား ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ တောင်ကြီးမြို့တွင် မျက်စိ ဝေဒနာရှင် ၁၉၃၅ ဦး၊ သွားရောဂါ ဝေဒနာရှင် ၁၃ဝ အထွေထွေရောဂါ ဝေဒနာရှင် ၇ဝ၃ ဦး၊ စုစုပေါင်း လူနာ ၂၇၆၈ ဦးတို့ဖြစ်ပြီး တောင်ကြီး၊ လွိုင်လင်၊ လဲချားမြို့တွင် ကုသပေး ခဲ့ကြသည့် လူနာ စုစုပေါင်း ၅၄၈၆ ဦးတို့ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက် တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်း ရွှေမှုန် မိသားစုနှင့် အလှူရှင်များ စုပေါင်းကျင်းပသော မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါများ အခမဲ့ကုသခြင်းတွင် ပါဝင်ဆောင် ရွက်ပေးသော အထူးကုဆရာဝန်ကြီး နှင့် ဝန်ထမ်းများ၊ အလှူရှင်များအား ဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာ ၂၁ ရက် နာရီခွဲက တောင်ကြီး မြို့ ချယ်ရီကွင်းဟိုတယ်၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး အလှူရှင်များက လှူဒါန်းသော အလှူ ငွေကျပ်သိန်း ၃ဝဝ ပေးအပ်ရာ ပြည်နယ်လူမှုရေး ဝန်ကြီးက လက်ခံယူသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်က မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါအခမဲ့ကုသ ခြင်းတွင် ပါဝင်ဆောင်ရွက်ပေးသော အထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်း များ၊ အလှူရှင်များအား ဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment