Tuesday, December 23, 2014

ငြိမ်းချမ်းရေးတံခါးဝသို့ ရောက်ရှိလာသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထမူကြမ်း




ရန်ကုန် ဒီဇင်ဘာ ၂၂
ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် စတုတ္ထမူကြမ်းအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ (NCCT) တို့၏ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူသူများ တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီး သည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုဖြစ်ခဲ့ သည်။

နှစ်ဖက်စလုံးမှ နည်းပညာပိုင်း(Technical)ဆိုင်ရာမှာ တာဝန်ရှိသည့် ပုဂ္ဂိုလ်များက ယင်းဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် စတုတ္ထမူကြမ်း (NCA) ဆွေးနွေးရန် ကျန်ရှိနေသည့်အချက်များ အားလုံးကို အပြီးသတ် ဆွေးနွေးနိုင်ခဲ့ သည်ဟုNCCT ဘက်မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆွေးနွေး ပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ယင်းသို့ ဆွေးနွေးနိုင်ခဲ့ခြင်းမှာUPWC နှင့်NCCTတို့အကြား စက်တင်ဘာလနောက်ပိုင်း ဆွေးနွေး ပွဲအပြီး တရားဝင် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့သော် လည်း နှစ်ဖက်လုပ်ငန်းအဖွဲ့များ အကြား အကြိမ်ကြိမ်တွေ့ ဆုံဆွေးနွေး မှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်ဟု UPWC နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင် ရွှေက ဆိုသည်။
ယနေ့ ဆွေးနွေးပွဲသို့NCCTမှ ()NCA ဆွေးနွေးရန် ကျန်ရှိနေ သည့် အပိုင်းများကို ဆက်လက်ဆွေး နွေးရန်၊ () လိုင်ဇာကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန်အတွက် နှစ်ဖက်ခေါင်း ဆောင်များအနေဖြင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားရန်၊ () သြဂုတ်လ အတွင်းက သဘောတူညီခဲ့သည့် ပူးပေါင်းစောင့်ကြည့် ရေး (Joint Monitoring)နှင့် နှစ်ဖက်တပ်မှူး၊ တပ်သားများ လိုက်နာရမည့် (Military Code of Conduct) ကိစ္စ ရပ်များအတွက် လုပ်ငန်းအဖွဲ့တွေ့ဆုံ ဆွေးနွေးရန်နှင့် () လာမည့်တွေ့ဆုံ ဆွေးနွေးပွဲများမှစတင်၍ နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတိုင်းတွင် နိုင်ငံ တကာ အသိသက်သေများထားရှိရန် စသည့်အချက်လေးချက်ကို အဓိက ထားဆွေးနွေးမည်ဟု သိရသည်။
''ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖြစ်ပွား ခဲ့တဲ့ လိုင်ဇာဗိုလ်သင်တန်းကျောင်းက ဖြစ်စဉ်အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေက ထိတွေ့တိုက်ခိုက်မှုတွေကို ကြည့်မယ် ဆိုရင် အဲဒီဒေသတွေမှာ အပစ်အခတ် ရပ်စဲရေးကိုခိုင်မာအောင် မလုပ်ဆောင် နိုင်သေးလို့ဆိုတဲ့အချက်ကို တွေ့ရမှာ ပါ။
အပစ်အခတ်ရပ်စဲရေး ခိုင်မာ အောင်လုပ်ဖို့ဆိုရင် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသက်သက်ကို သဘောတူ ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ နှစ်ဖက် လိုက်နာရမယ့် စည်းကမ်းတွေကို သေသေချာချာသတ်မှတ်ပြီး ချိုးဖောက် မှုတွေဖြစ်လာခဲ့ရင် စောင့်ကြည့် ကြီးကြပ်စိစစ်နိုင်တဲ့ ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းဖို့ကို ပီပီပြင်ပြင် အသက်သွင်းနိုင်ဖို့လိုပါ လိမ့်မယ်"ဟုUPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ၄င်း၏အဖွင့်အမှာ စကားတွင် ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေးသာမကဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စ ရပ်များပါ ဆွေးနွေးနိုင်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစပျိုးဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု လည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေး သည် လုပ်ငန်းအစည်းဝေးဖြစ်သော ကြောင့် နှစ်ဖက်စလုံးမှ ဆွေးနွေးချက် များကို အတည်ပြုနိုင်ခြင်းမရှိသော် လည်း ခုနစ်ကြိမ်မြောက် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ တရားဝင် ဆွေးနွေးပွဲ၌ အတည်ပြုသွားနိုင်မည်ဖြစ် သည်။
''နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ကြောင့် ကျွန်တော်တို့ ဒီမှာဆွေးနွေး ထားတဲ့ဟာကို ခေါင်းဆောင်ပိုင်းကို ပြန်တင်ပြသွားမှာဖြစ်ပါတယ်။
နှစ်ဖက် အရာရှိကြီးတွေပါခြင်း၊ မပါခြင်းဟာ သိပ်ပြီးတော့ ကျွန်တော်တို့ကို မထိခိုက် စေပါဘူး။ အချိန်အကန့်အသတ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုင်းရင်းသား တွေအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပချင်ပါတယ်ဆိုတာကို ကျွန်တော် တို့ တိုင်းရင်းသားဘက်က ယခင် ကတည်းက ပြောထားတာရှိပါတယ်ဒဒဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာ ခေါင်းက ပြောသည်။
UPWC နှင့်NCCT တို့၏ ခုနစ် ကြိမ်မြောက် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများကို လာမည့်ဇန်နဝါရီ လအတွင်း ပြုလုပ်နိုင်ရန်မျှော်လင့် ကြောင်းUPWC နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင် ရွှေနှင့်NCCT ဒုတိယအဖွဲ့ခေါင်း ဆောင် ပဒိုစောကွယ်ထူးဝင်းတို့က ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
''ဒီနေ့လုပ်တဲ့ အဓိကက တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထမူကြမ်း(NCA) ကို ပြီးအောင် ညှိနှိုင်းဖို့ပါ။ ဒီနေ့နှစ်ဖက်ခေါင်းဆောင် က ပထမ ဦးစားပေးအလုပ်ကို ပြီးအောင်ဆွေးနွေးတာ ညနေ နာရီ ထိုးခါနီးမှာ ပြီးသွားတယ်။ မနက်ဖြန် ဆွေးနွေးပွဲမှာ NCCT ဘက်မှ ခေါင်း ဆောင်များ အဆိုပြုတဲ့ ဘယ်အချက် ကိုမဆို ဆွေးနွေးသွားမယ်လို့ ဝန်ကြီး ဦးအောင်မင်းဘက်က ပြောထားပါ တယ်ဒဒဟု ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် စတုတ္ထမူကြမ်းအတွက်(UPWC) နှင့် (NCCT) တို့၏ တွေ့ဆုံ ဆွေးနွေးမှုတွင် NCCT ဘက်မှ ခေါင်းဆောင်များ အဆိုပြုလာသည့် အချက်လေးချက်အား ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ပြီး (UPWC) နှင့်(NCCT) တို့ သတ္တမအကြိမ်မြောက် တွေ့ဆုံမှု အား ၂ဝ၁၅ လွတ်လပ်ရေးနေ့ နောက်ပိုင်းတွင် တွေ့မြင်ရနိုင်မည်ဟု ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်သည့် နှစ်ဖက်ကိုယ်စားလှယ်များက သုံးသပ် သည်။

No comments:

Post a Comment