Tuesday, December 30, 2014

ကုသရေးကိစ္စများတွင် နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီအောင် ရေရှည်စီမံကိန်းများ ရေးဆွဲ



ရန်ကုန် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ခုတင်(၅ဝဝ) ဆံ့ အထူးကုဆေးရုံကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၅ဝဝ) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။



ဒုတိယသမ္မတသည် နံနက် ၉ နာရီတွင် ခုတင်(၅ဝဝ)ဆံ့ အထူးကုဆေးရုံကြီးသို့ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ဆေးရုံကြီး၏ အခြေခံအချက်အလက်များ၊ ဆေးရုံကြီး၏ အထူးကု ဌာနကြီးများနှင့် အထောက်အကူပြုဌာနများ အခြေအနေ၊ ခွင့်ပြုဖွဲ့စည်းပုံနှင့် ဝန်ထမ်းများခန့်ထားနိုင်မှု အခြေအနေ၊ ဝန်ထမ်းအိမ်ရာအခြေအနေ၊ လျှပ်စစ်ဓာတ်အားနှင့်ရေရရှိမှုအခြေအနေ၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လိုသည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်တင်ပြသည်။
ထို့နောက် ခုတင်(၅ဝဝ)ဆံ့ အထူးကုဆေးရုံကြီး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာကျော်စွာ လှိုင်နှင့် အသည်း ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန်းလွင်တို့က ခွဲစိတ်ကုသမှု ဆိုင်ရာ လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ဘတ်ဂျက်ကို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ သို့ရာတွင် ပညာရေးစသည့်အခြားကဏ္ဍများအတွက်လည်း ထည့်သွင်းစဉ်းစား သွားရမည်ဖြစ်ကြောင်း၊ ကုသရေးကိစ္စများအတွက် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် ရေရှည်စီမံကိန်း များရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် ဝန်ကြီးဌာနများ တစ်ခုနှင့်တစ်ခု ချိတ်ဆက် ပြီး ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များတွင် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ခုတင်(၅ဝဝ)ဆံ့ အထူးကုဆေးရုံကြီးရှိ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဌာနနှင့် အသည်းနှင့် သည်းခြေလမ်းကြောင်း ခွဲစိတ်ကုပညာဌာနများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၅ဝဝ)ရှိ တိုးချဲ့ ငါးထပ်ဆောင်အသစ် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လူနာဆောင်များ ပြင်ဆင်ထားရှိမှု၊ ဆေးရုံကြီး၏ ပင်မဆောင်ပြုပြင် မွမ်းမံခြင်း လုပ်ငန်း ဆောင်ရွက်နေ မှု၊ ဆေးရုံကြီးအတွင်းရှိ စားသောက်ဆိုင်ခန်းများနေရာချထားမှုနှင့် အရေးပေါ်နှင့် ပြင်ပလူနာဌာန မွမ်းမံပြင်ဆင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

No comments:

Post a Comment