Tuesday, December 30, 2014

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက် အမျိုးသမီးအဖွဲ့တို့အားတွေ့ဆုံ



နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက် ချုပ် ဒေါ်တင်လှကြည်၊ ဒေါ်ခင်စောဥမ္မာ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့(ယာယီ)တို့နှင့်အတူ ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက်အမျိုးသမီးအဖွဲ့ခေါင်းဆောင် Ms.YOKO SHINKE ဦးဆောင်သော အဖွဲ့တို့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်(C)ဆောင် ဒုတိယဥက္ကဋ္ဌ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်သို့ လာရောက်လေ့လာကြသည့် မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး အဖွဲ့နှင့် ဂျပန်နိုင်ငံ အိုဆာကာကင်းထောက် အမျိုးသမီးအဖွဲ့ စုစုပေါင်း ၉၈ ဦးတို့အား ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ကင်းထောက် အမျိုးသမီးအဖွဲ့နှင့်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အတူ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment