Wednesday, November 26, 2014

အကျိုးရှိတာတွေကို အချိန်ပေးပြီး လေ့လာထားမှသာ အရည်အသွေး ရှိတဲ့ရေးသား ချက်တွေ ရရှိလာမှာဖြစ်

အာဆီယံဒေသတွင်း သတင်းမီဒီယာများမှ အယ်ဒီတာများ၏ စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ယနေ့ကျင်းပခဲ့ရာ အာဆီယံဒေသအဆင့်မြှင့်တင်ရေးအတွက် စိန်ခေါ်မှုများနှင့် ကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့် တက်ရောက် လာကြသော ပြည်တွင်းပြည်ပ သတင်း မီဒီယာများက ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် လာသော သတင်းမီဒီယာများမှ တာဝန်ရှိသူများအား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။




ဦးစိုးမြင့် အယ်ဒီတာချုပ် မဇ္ဈိမသတင်းဌာန
အဓိကကတော့ ကျွန်တော်တို့ ၂ဝ၁၄ ခုနှစ်က မြန်မာအာဆီယံဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူခဲ့တာမှာ အာဆီယံ Summit က အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီ။ ဒီအာဆီယံ Summit တိုင်းမှာ လုပ်လေ့လုပ်ထရှိတာ တစ်ခု ရှိတယ်။ အာဆီယံဒေသအတွင်းက အယ်ဒီတာတွေကို ခေါ်ပြီးတော့ အာဆီယံနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ ဆွေးနွေးတဲ့စကားဝိုင်းပဲ ပေါ့၊ ထူးခြားတာတွေကတော့ စီးပွား ရေးတို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့၊ ၂ဝ၁၅ အာဆီယံ စီးပွားရေးအသိုက် အဝန်းတို့ကို အဓိကထားပြီးဆွေးနွေး ကြတယ်။ အခု ပြန်ကြားရေးဝန်ကြီး လည်းတက်တယ်။ ပါဝင်တယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်လည်း ပါတယ်။ မြန်မာနိုင်ငံမှာ ဒါပထမ ဆုံးအကြိမ် လုပ်တာပေါ့။ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ပထမဆုံးအကြိမ်လုပ် တာ။ မြန်မာပြည်က အယ်ဒီတာတွေ လာသလို၊ ဒေသတွင်းက အယ်ဒီတာ တွေလည်း လာတယ်။ ဆွေးနွေးကြ တာပါ။ နံပါတ်တစ်ကတော့ မြန်မာ နိုင်ငံက အိမ်ရှင်အနေနဲ့ ဒေသ အတွင်းက အယ်ဒီတာတွေကို ဖိတ်ပြီးတော့ ဆွေးနွေး တာဖြစ်ပါတယ်။ အရင်ကဆိုရင် တခြားနိုင်ငံမှာသွား ဆွေးနွေးရတယ်။ အခုလိုဆွေးနွေး တော့ အာဆီယံအကြောင်းကို ပိုသိ ရပါတယ်။ အာဆီယံအကြောင်းကို ပိုပြီး လေးလေးနက်နက် အတွင်း ကျကျမသိကြဘူး။ ပြီးတော့ တခြား နိုင်ငံတွေရဲ့ အကြောင်းအရာတွေ၊ တခြားနိုင်ငံက အယူအဆတွေ၊ အာဆီယံရဲ့စိန်ခေါ်မှုတွေ၊ အာဆီယံ က တိုးတက်လာလေလေ စိန်ခေါ်မှု တွေကလည်း များလာတယ်။ အဲဒါတွေ ပိုပြီးသိလာတော့ ဒီလိုဆွေးနွေး ပွဲတွေ လုပ်သင့်တယ်၊ ကိုယ့်မြန်မာ ပြည်က အယ်ဒီတာတွေအတွက်ရော၊ မီဒီယာတွေအတွက်ပါ အကျိုးရှိ တယ်လို့ ကျွန်တော် ယူဆတယ်။
ဦးခင်မောင်ဝင်း ဒီဗွီဘီမြန်မာ
ဒီပွဲရဲ့Section တစ်ခုမှာModerator လုပ်ရပါတယ်။ အာဆီ ယံနိုင်ငံများ အချင်းချင်း ပူးပေါင်း ဆက်သွယ်မှု ရှိလာတဲ့အပေါ်မှာ မြန်မာနိုင်ငံက ဘယ်လိုတုံ့ပြန်မှုရှိ သလဲဆိုတဲ့ ခေါင်းစဉ် အပေါ်မှာ ဆွေး နွေးကြတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီကဏ္ဍမှာ MAI ဥက္ကဋ္ဌ ဦးတင်မောင် ထွန်းရယ်၊ Myanmar Develop- ment Research Institute က ကိုသန်းထွန်းရယ် ဆွေးနွေးကြတယ်။ အာဆီယံနိုင်ငံတွေမှာ ပေါင်းစည်း ဆက်သွယ်လာတယ် ဆိုတာ ကောင်း တဲ့အချက်ဖြစ်ပြီး ကြိုဆိုရမယ့်အချက် ပါ။ ဒီလိုပေါင်းစည်းမှုမှာ ချက်ချင်း အကျိုးရလဒ်ရှိဖို့ မလွယ်သေးဘဲ စိုးရိမ်စရာတွေ ရှိသေးတယ်ဆိုတာတွေ MAI က ထောက်ပြသွားတာ ရှိပါ တယ်။ ဥပမာ မြန်မာ့လေကြောင်း လိုင်းက နိုင်ငံတကာက ဝင်ရောက် လာမယ့် လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်နိုင် တဲ့ အခြေအနေမရှိသေး ဘူး။ နိုင်ငံတကာမှာ အစိုးရတွေ က နောက်ကွယ်ကနေ အခြေခံအဆောက် အအုံတွေ ပံ့ပိုးထားတယ်။ ဆီ၊ စက် အပိုပစ္စည်းနဲ့ လေယာဉ်တွေဆိုလည်း ဈေးပေါပေါနဲ့ ရနိုင်အောင်လုပ်ပေး ထားတယ်။ ဒီမှာက ဆီဈေးနဲ့ စက် ပစ္စည်းဈေးတွေ ကြီးနေတာတွေ ရှိနေ ပါသေးတယ်။ ပြောရရင်တော့ မြန်မာ နိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး တွေ လုပ်တဲ့အခါမှာ တိုင်းရင်းသား ပိုင်ကုမ္ပဏီတွေကို ကာကွယ်ဖို့လို တယ်။ ကာလည်း ကာကွယ်နေပါ တယ်။ ကာကွယ်တဲ့အခါမှာ နည်းမှန် လမ်းမှန်နဲ့ ကာကွယ်ဖို့လိုပါတယ်။ နည်းမှန်လမ်းမှန် မဖြစ်သေးတဲ့အခါ ကုန်ထုတ်လုပ်မှုစရိတ်ကို မချနိုင်ဘဲ နိုင်ငံတကာကဝင်လာမယ့် ကုမ္ပဏီ တွေကို မယှဉ်နိုင်တဲ့ အခြေအနေမျိုးရှိ တယ်လို့ ပြောခဲ့တယ်။
ဒီလိုမျိုးပဲ Myanmar Development Research Institute က ကိုသန်းထွန်းက အာဆီယံ ပေါင်းစည်း မှုတွေလုပ်တဲ့အခါ လူလူချင်းဆက် သွယ်မှုတွေရှိဖို့ လိုပြီး မြန်မာနိုင်ငံက နိုင်ငံသားတွေ တခြားနိုင်ငံသွားလည် ရင်လည်း ဗီဇာအလွယ်တကူရသင့် တယ်။ လက်တွေ့မှာ အခက်အခဲတွေ ရှိနေသေးတယ်။ မြန်မာနိုင်ငံကို လာချင်တဲ့ နိုင်ငံခြားသားတွေမှာလည်း ဒီလိုမျိုးအခက်အခဲတွေ ရှိနေသေး တယ်။ အာဆီယံနိုင်ငံ အချင်းချင်း ဆက်သွယ်ရင်လည်း အဆင်ပြေ အောင်လုပ်ဖို့လိုအပ်နေသေးတာတွေ လည်း ဆွေးနွေးသွားပါတယ်။
ဒီလို ဆွေးနွေးပွဲတွေက ကောင်းတယ်။ERIAဆိုတဲ့ Economic Think Tank တစ်ခုကနေ အာဆီယံ ဒေသတွင်းက သတင်းဌာနပေါင်းစုံ ရဲ့ အယ်ဒီတာတွေပါဝင်ပြီး ဆွေးနွေး ပွဲတွေ လုပ်ကြတာဖြစ်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် အဓိကက အာဆီယံ နိုင်ငံတွေဖြစ်နေတဲ့ ဘုံပြဿနာတွေ ကို လေ့လာမိကြတယ်။ဘုံပြဿနာ တွေကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာကြတယ်။ ဒီလို တက်ရောက်ခြင်းအားဖြင့် ဗဟုသုတ တွေရမယ်။ ကျွန်တော် စိတ်မကောင်း တာက ဒီမှာ မြန်မာ သတင်းထောက် တွေ မတွေ့ဘူး။ မနက်ပိုင်းမှာ ခဏ ပဲတွေ့ရတယ်။ သတင်းဌာနတွေ လုပ် သင့်တာက သတင်းထောက်တွေကို ဒီလိုပွဲတွေမှာ လာနားထောင်ခိုင်း သင့်တယ်။ တစ်နေကုန်အချိန်ပေးပြီး လေ့လာသင့်တယ်။ ဥပမာ တောင် တရုတ်ပင်လယ် အရေးကိစ္စဆိုရင် ညနေပိုင်းမှာ အများကြီးဆွေးနွေးကြ တယ်။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ ဝင်ဖြစ်ပြီး အာဆီယံရဲ့ ဘုံပြဿနာ တွေကို မြန်မာနိုင်ငံက သတင်း ထောက်တွေသိသင့်တယ်။ အလုပ်များ ကြတဲ့ကြားက အကျိုးရှိတဲ့ဟာတွေကို အချိန်ပေးပြီး လေ့လာဖို့ လိုတယ်။ အာဆီယံရဲ့ အကြောင်းအရာကိစ္စတွေ ကို ထဲထဲဝင်ဝင်သိမှသာ အာဆီယံ အကြောင်းကို Report ရေးဆိုရင် လူထုအတွက်လည်း အရည်အသွေး ရှိတဲ့ ရေးသားချက်တွေရမှာ ဖြစ်ပါတယ်။
ဒီကိုလာတဲ့ သတင်းထောက်တွေ က သက်ဆိုင်ရာနိုင်ငံတွေမှာ နိုင်ငံ တကာ ရေးရာကိစ္စနဲ့ အာဆီယံရေးရာ ကိစ္စတွေမှာ အတွေ့အကြုံရှိတဲ့ သတင်းထောက်တွေဖြစ်တယ်။ သူတို့ အနေနဲ့ အတွေ့အကြုံတွေကို ရှင်းပြ တယ်။ သူတို့အမြင်တွေနဲ့ သုံးသပ် ပြတယ်။ ဥပမာ တောင်တရုတ် ပင်လယ်ကိစ္စမှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးခဲ့လဲ ဆိုတာ မနက်က ဝန်ကြီး ဦးရဲထွဋ် ပြောတဲ့ထဲမှာ ပါတယ်။ တကယ့် တကယ်က ဒီ Conflict ထဲမှာ ပါတဲ့ နိုင်ငံတွေရဲ့ အမြင်ကျတော့ မတူဘူး။ ဥပမာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ် နိုင်ငံတွေက ကိုယ်စားလှယ်တွေပြော တာ တစ်မျိုးစီရှိတယ်။ ဒီလို ဘက် ပေါင်းစုံက ပြောကြတာကို နားထောင် ပြီးတော့မှ မှတ်သားစရာတွေရှိတယ်။
ဒါက ကိစ္စတစ်ခုတည်းပဲရှိသေးတယ်။ ကျန်တာတွေလည်း အများကြီးရှိ တယ်။ ဒီလို ဆွေးနွေး ပွဲတွေ မြန်မာ နိုင်ငံမှာလာလုပ်တာ ကျွန်တော်တို့ ဂုဏ်ယူသင့်တယ်။ သတင်းရေး သားသူ အနေနဲ့ဆိုရင် ပုံမှန်အခမ်းအနား သတင်းမျိုးထက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲက ကောင်းတဲ့ အချက်ကို ရေးသားသင့်ပါတယ်။ ကျွန်တော်သာ သတင်းရေးသားမယ့် သူဖြစ်ရင် ''တောင်တရုတ်ပင်လယ် ကိစ္စဟာ ရှေ့ဆက်ပြီးတော့ အဖြေ မရှာနိုင်ဘူးဆိုရင် လက်ရှိအနေ အထားအတိုင်းထားလိုက်ပါ။
ဒါဟာ အကောင်းဆုံးအဖြေဖြစ်နေပါတယ်'' ဆိုတာမျိုးကိုThe Nation သတင်းစာ က ကမ္ဘာ့ရေးရာ သတင်းအယ်ဒီတာ ပြောသွားတာရှိတယ်။ အဲ့ဒါ သတင်း လုပ်သင့်တယ်။ ပြောရရင်တော့ ဆက်ပြီးတော့ အငြင်းအခုံဖြစ်နေရင် ဒေသတွင်း တင်းမာမှုတွေ ဖြစ်လာမယ်။ ဒီလိုဆို အာဆီယံ-တရုတ် ဆက်ဆံရေး ထိခိုက်နိုင်တယ်။ ထို့ အတူ ကမ္ဘာမှာလည်း အမေရိကန်က လည်းဝင်လာမယ်။ အဲ့ဒီလို ရှုထောင်မျိုးက ကြည့်တတ်ဖို့လိုပါတယ်။
ဦးသန်းထွန်း Deputy Director of Research Myanmar Development Resource Institute
ဒီမှာပြောသွားတဲ့ထဲမှာ ပြည်သူ ကို ဗဟိုပြုတယ်ဆိုတာကို မြန်မာ နိုင်ငံမှာပဲ စဉ်းစားတာမဟုတ်ဘဲ အာဆီယံကပါ စဉ်းစားဖို့ လိုနေပြီ ဆိုတာကို ERIA အဖွဲ့က ထောက်ပြ တာတွေက ကောင်းတဲ့လက္ခဏာလို့ ကျွန်တော်မြင်ပါတယ်။
သူတို့ အဓိကလုပ်နေတဲ့ သုတေသနတွေကလည်း စီးပွားရေး တစ်ခုတည်းမဟုတ်ဘဲ စီးပွားရေးက လည်း ပြည်သူ့အတွက်စီးပွားရေးဆိုတာမျိုးက ပိုကောင်းမယ်လို့ ပါပါ တယ်။ ERIA အဖွဲ့ကတော့ အာဆီယံ နဲ့ အာရှဒေသတွင်းက လူတွေစုပြီး တော့စကားပြောတယ်။ အမြင်တွေကို လေ့လာနိုင်အောင် စီစဉ်ပေးတယ် လို့ထင်ပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်းမှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း ရောက်လာတော့မယ်။ ဒီလိုအသိုက်အဝန်းမှာ မြန်မာနိုင်ငံသာမက တခြားနိုင်ငံတွေ ကလည်း စိုးရိမ်မှုတွေ ရှိနေသေးတယ် လို့ သတိထားမိတယ်။ အာဆီယံပေါင်း စည်းမှုကို အခြေခံပြီး ဒေသတွင်းက ပြည်သူတွေ အကျိုးရှိလာမလားဆို တာကိုလည်း စဉ်းစားနေကြတယ်လို့ ထင်ပါတယ်။ အဓိက စိန်ခေါ်မှုတွေ ကတော့ အာဆီယံပြည်သူတွေကြားက ညှိနှိုင်းမှုကိစ္စတွေ၊ ငြိမ်းချမ်းမှုရှိနေဖို့က ပိုပြီး အရေးကြီးတယ်လို့ မြင်ပါ တယ်။

No comments:

Post a Comment