ဟားခါး အောက်တိုဘာ ၂
၂၀၁၄ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ U-20 ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၂ ရက် မွန်းလွဲ(၁)နာရီက
ဟားခါးမြို့ ၀မ္မသူးမောင် အားကစားကွင်း၌ စတင်ယှဉ်ပြိုင် ကစားကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က ပါဝင်ယှဉ်ပြိုင်မည့်
ဘောလုံး အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး သည်။
ထို့နောက် ပထမပွဲစဉ်အဖြစ် ဟားခါးမြို့နယ်အသင်းနှင့်
ထန်တလန်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဟားခါးမြို့နယ် အသင်းက (၅)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊
ဒုတိယပွဲစဉ်အဖြစ် မင်းတပ်မြို့နယ် အသင်းနှင့် ကန်ပက်လက်မြို့နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်
ကစားကြရာ ကန်ပက်လက်မြို့နယ်အသင်းက (၈)ဂိုး(၇)ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြ
သည်။
အဆိုပါ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား
မြို့နယ်ပေါင်းစုံ U-20 ဘောလုံးပြိုင်ပွဲကို ဟားခါးမြို့ ၀မ္မသူးမောင် အားကစားကွင်း၌
အောက်တိုဘာ(၁၃)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment