သံဖြူဇရပ် အောက်တိုဘာ ၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏
နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်
ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမျှော် နိုင်ရေးအတွက်
ပွဲတော်ကျင်းပရေး
ကော်မတီ၏ လုပ်ငန်းအပြီးသတ် ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ(၁)နာရီအချိန်က
ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရား ကုန်းတော်ပေါ်ရှိ သီရိရတနာခန်းမ တွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်သန်းညွန့်၊
မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး ဦးမျိုးညွန့်တို့က ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ
ကျင်းပရေး၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်နိုင်ရေး၊
လမ်းခရီးနှင့် ပွဲတော်လုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြောကြားပြီး
ကျင်းပရေး ကော်မတီများမှ လုပ်ငန်းများအလိုက် ညှိနှိုင်းဆွေးနွေးကြသည်။
ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှ
လပြည့်ကျော် (၅)ရက် နေ့အထိ ကျင်းပမည်ဖြစ်ပြီး လပြည့်နေ့နံနက် (၃)နာရီမှစ၍ ဆွမ်းအိုးမျှောပူဇော်ပွဲ၊
အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ညပိုင်းတွင် ဆီမီး ၉၀၀၀ ပူဇော်ပွဲပြုလုပ်ပြီး အားကစားပြိုင်ပွဲများ၊
ရန်ကုန် မန္တလေးမြို့မှ ခြင်းအလှခတ်ပွဲ၊ ဇာတ်ပွဲများဖြင့် တင်ဆက်ကာ ပွဲတော်ကာလအတွင်း
ဘုရားဖူး လာပြည်သူများအား နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ကျိုက္ခမီ မြို့သူမြို့သားများနှင့်
ရွှေသံလွင် ကုမ္ပဏီတို့မှ စတုဒိသာထမင်းဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျေးဇူးအများကြီးတင်ပါတယ်
ReplyDeletehttps://kyaikkami-myanmar.blogspot.com/